Miss Universe Myanmar 2023 ပြိုင်ပွဲကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ စက်တင်ဘာလ (၁၄) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း Miss Universe Myanmar Organization ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အလှမယ်စုစုပေါင်းက ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ Swimsuit ပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်၊ နဲ့ National Costume ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်မှာ ကြိုတင်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။ ဒီနှစ်မှာတော့ Talent Show မပါတော့ဘူးလို့ သိရပါတယ်။ ဖိုင်နယ်ပြိုင်ပွဲကြီးကတော့ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနေ့မှာ အလှမယ် ၃၂ ဦးလုံးက ပါဝင်ယှဉ်ပြိုင်ပြီး အဆင့်ဆင့်ရွေးချယ်သွားမှာပါ လို့ ဆိုပါတယ်။
(၁၀) ကြိမ်မြောက် Miss Universe Myanmar 2023 ပြိုင်ပွဲကို ပရိသတ်တွေကို ကြည့်ရှုခွင့်ပြုသွားမှာဖြစ်ပြီး လက်မှတ်နှုန်းထားကိုတော့ မသတ်မှတ်ရသေးကြောင်း သိရပါတယ်။
ပြိုင်ပွဲကို SKY NET ရုပ်သံလိုင်း၊ Miss Universe Myanmar Facebook Page၊ Miss Universe Myanmar Official YouTube နဲ့ Channel 9 Myanmar page တို့မှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
Miss Universe Myanmar 2022 ကို အလှမယ် ဇာလီမိုးက ရရှိခဲ့ပါတယ်။