နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

တနိုင်း ဒကစမှူး ဗိုလ်မှူးချုပ်အဆင့် တပ်ပြောင်းပစ္စည်းတွေကိုထီးချိုင့် ပကဖ ဖမ်းဆီး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာ တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုးရဲ့ တပ်ပြောင်း ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၉) ရက် နေ့က ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထီးချိုင့်-ပကဖ)က စစ်ဆေးရာကနေ ကားတစ်စီးပေါ်မှာ ဗိုလ်မှူးချုပ်အဆင့် မြတ်မင်းမိုးရဲ့ တပ်သုံးပစ္စည်းနဲ့ အိမ်ထောင်သုံးပစ္စည်းတွေကို တွေ့ရှိပြီး သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

သြဂုတ် (၉) ရက်က PDF အမှတ်(၁) စစ်ဒေသ ကသာခရိုင် ကွပ်ကဲမှုနဲ့ ပကဖ ထီးချိုင့်က ကုန်ကားတွေကို စစ်ဆေးခဲ့ရာ လွိုင်ကော်ကနေ တနိုင်းကို တပ်ပြောင်းရွှေ့လာတဲ့ စစ်အုပ်စု ဗိုလ်မှူးချုပ်အဆင့် မြတ်မင်းမိုးရဲ့ တပ်သုံးပစ္စည်းနဲ့ အိမ်ထောင်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ် မြတ်မင်းမိုးက ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲမှူ စစ်ဌာနချုပ်မှူး (ဒကစမှူး) အဖြစ်ကနေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း) ကို ဒေသကွပ်ကဲမှူ စစ်ဌာနချုပ်မှူး (ဒကစမှူး) အဖြစ် ရွှေ့ပြောင်းလာရခြင်း ဖြစ်တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲ့ဒီ ဖမ်းဆီးမှုကနေ စစ်ယူနီဖောင်း (၇၀) စုံ၊ (5.56) ကျည် (၄၆၅) တောင့်၊ လက်ပစ်ဗုံး ငါးလုံး၊ (၁၂) ဘီးကား တစ်စီး၊ Fax စာပို့စက် တစ်လုံး၊ Jammer အကြီး တစ်လုံး၊ Jammer အသေး တစ်လုံး၊ TYT ဆက်သွယ်ရေးစက် လေးလုံး၊ Equipment တစ်စုံ၊ စစ်ဖိနပ် သုံးရံ၊ ဆုတံဆိပ် ခြောက်ခု၊ ကွန်ပျူတာ၊ ကင်မရာ၊ TV စတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အားကောင်းတဲ့ စစ်တပ်ကို ဖြိုချဖို့ အရပ်သားအစိုးရဩဇာခံယူမယ့် စစ်တပ်တခုလိုအပ်တယ်လို့ BPLA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 33 Views
ဧပြီလ (၁၇)ရက်။ အားကောင်းတဲ့ စစ်တပ်တခုကို ဖြိုချဖို့ စနစ်ကျပြီး ခိုင်မာတဲ့ အရပ်သားအစိုးရဩဇာကို ခံယူမယ့် စစ်တပ်တခု လိုတယ်လို့ ဒီကနေ့
မြန်မာသတင်း

သင်္ကြန်အတက်နေ့ ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 19 Views
ဧပြီလ (၁၇)ရက်။ မနေ့က သင်္ကြန်အတက်နေ့ နေ့လယ် (၁၂)နာရီခွဲကျော်အချိန် ကော့ကရိတ်မြို့ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon
မြန်မာသတင်း

နှစ်ဆန်းတစ်ရက်နေ့ မန္တလေးကို ဗဟိုပြုပြီး ငလျင်ထပ်လှုပ်၊ အင်အားအသင့်အတင့်ရှိကာ မြို့နေပြည်သူတွေ သိသိသာသာ ခံစား‌ခဲ့ရတယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 17 Views
ဧပြီလ (၁၇)ရက်။ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန်မှာ မန္တလေးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီတကြိမ်က တော်တော်ကြမ်းတယ်။ (၂၈)ရက်နေ့တုန်းက ငလျင်စလှုပ်တဲ့အချိန်လိုပဲ တော်တော်ဆိုးတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်ဖို့ ပြည်သူတွေ ပူးပေါင်းပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 17 Views
ဧပြီလ (၁၇)ရက်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်သစ်ကူးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက်
မြန်မာသတင်း

၂၀၂၅ခုနှစ်မှာ တော်လှန်ရေး အပြီးသတ်အောင်ပွဲနှစ်ဖြစ်အောင် ကြိုးစားဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 16 Views
ဧပြီလ (၁၇)ရက်။ ၂၀၂၅ခုနှစ်ဟာ အပြီးသတ်အောင်ပွဲကို ယူဆောင်နိုင်မယ့်နှစ်ဖြစ်အောင် ကြိုးစားသွားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီ ၂၀၂၅ခုနှစ်ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်းဖြစ်လာစေမယ့်နှစ် ပြည်သူလူထုအတွက် တော်လှန်ရေး
မြန်မာသတင်း

မင်းကင်းမြို့နယ် ပကဖနဲ့ ပအဖကို ပြည်သူဆန္ဒထုတ်ဖော်

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 27 Views
မင်းကင်းမြို့နယ် ပကဖနဲ့ ပအဖကို ပြည်သူဆန္ဒထုတ်ဖော် မင်းကင်းမြို့နယ်ပကဖနဲ့ ပအဖတို့က ရွှေတူးဖော်ပြီး စီးပွားရေးရှာတာ လမ်းတံတားတွေမှာ ကောက်ခွန်တွေကောက်ခံတာအပြင် နောက်ပိုင်းမှာ ဇက်ရဲလက်ရဲရှိလာပြီး လောင်းကစား ဝိုင်းတွေထောင်၊ နယ်အနှံက လောင်းကစားဝါသနာပါသူတွေနဲ့ ဒိုင်တွေဖွင့် စီးပွားရှာပြီး ငွေရွှင်နေပေမဲ့  မြို့နယ်နဲ့ကျေးရွာပြည်သူတွေရဲ့
မြန်မာသတင်း

စစ်ကောင်စီ လွတ်ငြိမ်းထဲ နိုင်/ကျဉ်းပါဝင်တာ အလွန်နည်းပါးတယ်လို့ PPNM ပြော

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 28 Views
ဧပြီလ (၁၇)ရက်။ ဒီကနေ့ နှစ်ဆန်းတရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တာ အလွန်နည်းပါးတယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နှစ်ဆန်း(၁)ရက်နေ့ စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားပါဝင်တာ လွန်စွာနည်းပြီး အချို့အကျဉ်းထောင်တွေမှာ
မြန်မာသတင်း

မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံ ပြည်သူများ ဆန္ဒထုတ်ဖော်

  • 2025 ခုနှစ်၊ ဧပြီလ 16 ရက်
  • 25 Views
ဧပြီလ (၁၆) ရက်။ မနေ့က ဧပြီလ (၁၅) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။