စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အပိုင် မုံရွာ-ပုလဲ-ဂန့်ဂေါသွား လမ်းပိုင်းတနေရာမှာ မိုးသည်းထန်စွာရွာပြီး ရေတိုက်စားရာကနေ ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြုပြင်ဖို့အတွက် အကူညီတွေလိုအပ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
သြဂုတ် ၂၂ ရက်က မိုးသည်းထန်စွာရွာပြီးနောက် ရေတိုက်စားပြီး မိုင်တိုင် ၅၁ အနီးမှာ အလျားပေ ၁၃၀ လောက် ပျက်စီးခဲ့တာဖြစ်ပါတယ်။
လမ်းပြုပြင်ရုံတင်မဟုတ်ဘဲ တစ်ဘက်က ချောက်ဖြစ်နေတာ ကြောင့် ခိုင်ခံ့တဲ့ မြေထိန်းနံရံတွေပါ လုပ်ပေးမှ ရေရှည်မှာအဆင်ပြေမှာလို့ အင်ဂျင်နီယာတွေက အကြံပြုထားပါတယ်
။
ဒါကြောင့် စုစုပေါင်းတွက်ချက်ရာမှာ ကျပ်သိန်း ၃၀၀ လောက် ကုန်ကျမှာဖြစ်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက်က ပြောပါတယ်။
လက်ရှိမှာ လမ်းပြုပြင်ဖို့ ငွေကြေးလိုအပ်ချက်တွေရှိနေပြီး အလှူငွေ ထည့်ဝင်လှူဒါန်းလိုသူတွေ အနေနဲ့ ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
ပျက်စီးသွားတဲ့လမ်းပိုင်းအစား ပုလဲမြို့နယ်တိုက်နယ် (၈) ရဲ့ ပအဖနဲ့ ပကဖအဖွဲ့ဝင်တွေက ယာယီသွားလာနိုင်ရေး လမ်းဖောက်ထားတဲ့အတွက် လက်ရှိမှာ ကုန်ကားတွေပါသွားလာနိုင်ပေမယ့် မြေပြိုကျရင် အန္တရာယ်ရှိနိုင်သလို ထပ်ပြီးမိုးသည်းထန်စွာရွာသွန်းရင်လည်း အဲ့ဒီလမ်းပါ ပျက်စီးပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါဝာယ်။