နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး မြန်မာသတင်း

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာလက်ချည်ပွဲတော်အား ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက် မြို့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာလက်ချည်ပွဲတော် အခမ်းအနားကို ထိုင်းနိုင်ငံဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်မြို့များတို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဓာတ်ပုံများနဲ့တကွ သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အဝေးရောက်ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း (OKRSO) က (၃၁) ကြိမ် မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာလက်ချည်ပွဲတော်ကို ဦးဆောင်ကျင်းပခဲ့တယ်လို့ သိရှိရပြီး ဘန်ကောက်ရှိ ကရင်အဖွဲ့အစည်း အသီးသီးတို့မှ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ပွဲတော်အခမ်းအနားကို ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်မှာ အနိုင်ရရှိခဲ့တဲ့ Move Forword ပါတီဥက္ကဌ ပီတာ လင်မ်ဂျာရိုရက်က တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုစကားများ တိုက်တွန်းအားပေး စကားတွေ ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ (၁၇) ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ လက်ချည်ပွဲတော် အခမ်းအနားကို ကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားကို မာန်နဲမူးကလော် လို့ လူသိများတဲ့ ခြေတော်ရာ သင်္ဘောဦးဆိပ် ကျောင်းထိုင်ဆရာတော်က အဖွင့် သြဝါဒ မြွတ်ကြားခဲ့ပြီး မဲဆောက်မြို့တော်ဝန် ပရာဆက်ဖူးအမ်းလခမ်၊ မဲဆောက်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဖက်သရယ်ဒန်နီ ယူသိုင်ရာ အပါအဝင် မဲပ၊ မဲကဆာ အုပ်ချုပ်ရေး အကြီးအကဲတွေအိမ်း ထိုင်းတော်ဝင်တပ်က တပ်မှူး များက တက်ရောက်ချီးမြှင့်ကြပြီး ဂုဏ်ပြု တိုက်တွန်းအားပေးစကားများ ပြောကြားပေးခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က ပဒိုစောသမိန်ထွန်း၊ ပဒိုစောအာတိုး၊ ပဒိုမန်းခင်ဝင်း စတဲ့ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပြီး တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက အဲ့ဒီအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံးရဲ့ ၂၇၆၂ ခုနှစ် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်ကို ပေးပို့လာတဲ့ သဝဏ်လွှာအား ဖတ်ကြားပေးခြင်းနဲ့ ဂုဏ်ပြုတိုက်တွန်း အားပေးစကားများကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာလက်ချည်ပွဲတော်ဟာ ကရင်အမျိုးသားတို့နေထိုင်ရာ ဒေသအသီးသီး တို့မှာလည်း ကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသားတို့ရဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့ပွဲတော်တခု ဖြစ်ပြီး ဝါခေါင်လရောက်တိုင်း ရပ်နီးရပ်ဝေးရှိ မိသားစုတို့ အတူတကွ ပြန်လည်ဆုံဆည်းတွေ့ဆုံကာ လူမျိုးတမျိုးလုံးကို စုစည်းစေခြင်း၊ အပြန်အလှန်သိရှိ နားလည်ခြင်းနဲ့ စည်းလုံးညီညွတ်ချစ်ခင်ခြင်း တို့ကို ဖော်ဆောင်တဲ့ ရိုးရာဓလေ့ပွဲတော်တခု ဖြစ်ပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 42 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ