ဩစတြေးလျအနေနဲ့ စစ်အာဏာရှင်အဖွဲ့အစည်းထံသို့ မည်သည့်တိုက်ရိုက်ငွေကြေးထောက်ပံ့တာတွေ မပြုလုပ်ဘူးဆိုပြီး ဩစတြေးလျသံရုံးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက နိုင်ငံတကာဖွံ့ဖြိုးရေးမူဝါဒသစ်နဲ့ပတ်သက်တဲ့ ဩဂုတ်လ (၂၉)ရက်နေ့ ထုတ်ပြန်ချက်မှာ အခုလို ပြောဆိုထားပါတယ်။
မြန်မာပြည်သူတွေကို ပံ့ပိုးကူညီရာ ကာလရှည်သန္နိဌာန်ချထားပြီး အချို့တဲ့ဆုံးနဲ့ ထိခိုက်အလွယ်ဆုံးသူတွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။
ဩစတြေးလျရဲ့ နိုင်ငံတကာ ဖှံ့ဖွိုးရေးမူဝါဒသဈမှာ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို အသိအမှတ်ပြုထားပြီး ဒေသတွင်းလိုအပ်ချက်တွေနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ ရေရှည်မျှော်မှန်းချက်တွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
၂၀၂၂ခုနှစ်အတွင်း လူပေါင်း သန်း (၁၀၀)ကျော်ဟာ စစ်ပွဲ၊ အကြမ်းဖက်မှု၊ ဖိနှိပ်ဆက်ဆံမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Eraseye\news