ဒီကနေ့ ဩဂုတ်လ (၃၁) ရက်နေ့ နံနက် (၄) နာရီ (၁၅) မိနစ်အချိန်က ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ စစ်ရှောင်တွေအနီးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ (၃) ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ Kamlaat-Kayah IDPs Assistance Network ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကျဲခဲ့ရာမှာ မပေါက်ကွဲတဲ့ ဗုံးတစ်လုံး တွေ့ရှိထားတာကို Kamlaat-Kayah IDPs Assistance Network က လူမှုကွန်ရက်စာမျက်နှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အခုလို စစ်ရှောင်စခန်းအနီး ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုထားတာ မရှိဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Eraseye\news