နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဒီမော့ဆိုမှာ ဒရုန်းစစ်ဆင်ရေး အကြိမ် (၂၀)ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော်သေဆုံးခဲ့

ကရင်နီပြည်၊ ဒီမော့ဆိုမှာ ဒရုန်းစစ်ဆင်ရေး အကြိမ် (၂၀) ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော် သေဆုံးခဲ့တယ်လို့ Battle Wings ရဲ့ ဒီကနေ့ ဩဂုတ်လ (၃၁)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂) ရက်ကစပြီး ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာကျေးရွာကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို Battle Wings၊ ၁၁၀၆ တပ်ရင်းနဲ့ T2S2 နည်းပညာထုတ်လုပ်ရေးအဖွဲ့အပါအဝင် မြေပြင်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ ဩဂုတ်လ (၃) ရက်နေ့ကစပြီး ဩဂုတ်လ (၂၅) ရက်နေ့အတွင်း ဒရုန်းစစ်ဆင်ရေး အကြိမ် (၂၀) ဗုံးသီး (၅၄)လုံးနဲ့ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော် သေဆုံးခဲ့ကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

Battle Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ကရင်နီပြည် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်အာဏာရှင်အမြစ်ပြုတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး”

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 0 Views
“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး” မတ်လ ၂၈ရက်နေ့မှာြမန်မာပြည်အထက်ပိုင်းစစ်ကိုင်းတိုင်းမှာဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျှင်ကြီးနဲ့ပတ်သက်ပြီး ဦးထွန်းအောင်ကျော်ကသူ့အမြင်ကိုထုတ်ဖော်ပြောဆိုထားပါတယ်။ ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့။
မြန်မာသတင်း

ငလျင်ဒဏ်သင့် စစ်ခေါင်းဆောင်ဆီ တရုတ်သမ္မတ ဖုန်းဆက်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မြန်မာမှာ အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖုန်းဆက်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် နေပြည်တော်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို သားဖြစ်သူ စိုးရိမ်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 6 Views
မတ်လ (၂၉)ရက်။ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စိုးရိမ်နေတယ်လို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံရတဲ့ ကျွန်တော့်မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေပါတယ်။
မြန်မာသတင်း

ငလျင်ဘေးသင့်ဒေသတွေအတွက် ကျပ်သန်း(၂၀၀၀) လှူဒါန်းမယ်လို့ UWSA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 4 Views
မတ်လ (၂၉)ရက်။ ငလျင်ဘေးသင့် ဒေသတွေအတွက် ငွေကျပ်သန်းပေါင်း (၂၀၀၀)တိတိ လှူဒါန်းသွားမယ်လို့ “ ဝ” တပ် UWSA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အင်အားပြင်းငလျင်ကြောင့် ကြီးမားတဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရပြီး နိုင်ငံမတည်မငြိမ်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ညွှန်ကြားထား

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ ငလျင်ဒဏ်သင့်တဲ့ နယ်မြေ‌တွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF နဲ့ ပကဖတွေကို ညွှန်ကြားထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို
မြန်မာသတင်း

ငလျင်ကြောင့် သုခဒိုင်းမွန်းစိန်တိုင်ပိုင်ရှင်အပါအဝင် မိသားစုဝင်တွေ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ရှားသွားတဲ့ဖြစ်စဉ်ထဲ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ သေဆုံးခဲတယ်လို့ သုခဒိုင်းမွန်းစိန်တိုက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မတ်လ (၂၈)ရက်နေ့က သဘာဝဘေးအန္တရာယ်ကြောင့် သုခဒိုင်းမွန်းစိန်တိုက်ရဲ့ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒေါ်မိုးသီတာရွှေနဲ့ သားသမီးတွေ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာငလျင်ဘေးအတွက် အိန္ဒိယမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ စတင်ပို့ဆောင်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 2 Views
++++++++++++ မတ်လ (၂၉) ရက်။ အိန္ဒိယနိုင်ငံက ငလျင်ဘေးဒဏ်ခံရတဲ့ မြန်မာပြည်သူတွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီ ပထမအသုတ်ကို စတင်ပေးပို့လိုက်တယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားပြီး အဲ့ဒီပစ္စည်းတွေ ဒီမနက် ၉ နာရီမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိပြီလို့သိရပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေကို
မြန်မာသတင်း

တရုတ်နိုင်ငံမှ အခြားကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ ထွက်ခွာ

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 6 Views
မတ်လ (၂၉) ရက်။ ကယ်ဆယ်ရေး အတွေ့အကြုံ ပြည့်ဝတဲ့တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေး ယူနန်အဖွဲ့အဖွဲ့ဝင် ၁၆ ဦးဟာ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းတွေ၊ ဆေးကုသရေးဆိုင်ရာ အရေးပေါ်အထုပ်တွေ၊ မီးပေးစက်ပစ္စည်းတွေ၊ ဖြိုဖျက်ရေးကိရိယာတွေစတဲ့ မြို့ပြငလျင်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေကို သယ်ဆောင်ကာ