နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမှာ ဆောက်လုပ်ရေးကုမ္ပဏီကား ပစ်ခတ်ခံရပြီး (၅) ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ရွာနဲ့ ကျီးကန်းကျေးရွာအကြား ရေစကြို – ပခုက္ကူကားလမ်းပေါ်မှာ ဆောက်လုပ်ရေးကုမ္ပဏီကားတစီး ပစ်ခတ်ခံရပြီး ကားပေါ်လိုက်ပါလာသူ (၅) ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီလောက်မှာ ရေစကြိုကနေ ပခုက္ကူဘက်ကို လာတဲ့ ရဲရင့်အားမာန်ဆောက်လုပ်ရေးကုမ္ပဏီကားကို လက်နက်ကိုင်အဖွဲ့အစည်းတခုက ပစ်ခတ်ရာမှာ အထက်ပါ (၅) ဦး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ကားပေါ်ပါတဲ့ ဒေါ်အေးအေးအောင် ၄၀ နှစ်၊ အင်ဂျင်နီယာ မခိုင်နွယ်လင်း ၃၀ နှစ် နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၃ ဦးတို့ ကျည်ထိသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်ကြေညာလာတာ မတွေ့ရသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်၊ ပြည်သူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 12 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နောင်ချိုမြို့ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 13 Views
ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး NUG, တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KIA, TNLA,MNDAA, SSA, KNDF, KNU, CB, CNF တို့နဲ့
မြန်မာသတင်း

စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံခဲ့ရသူတွေ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 19 Views
ဩဂုတ်လ (၁)ရက်။ အရင်က စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံထားရသူတွေကို အသစ်ဖွဲ့လိုက်တဲ့ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးထားခဲ့တယ်လို့ ကာ/လုံရုံးရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး (၁၅)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ အဲ့ဒီအထဲ
မြန်မာသတင်း

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်အပါအဝင် KPICT နဲ့ CRPH တို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 18 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နံနက် (၈)နာရီအချိန်မှာ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)နဲ့ CRPH တို့ ဗီဒီယိုကွန်ဖရင့်ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအပြင်
မြန်မာသတင်း

ငြိမ်းချမ်းရေးအတွက် ဖြစ်ချင်တာတွေကို ပြောနေမယ့်အစား ဖြစ်သင့်တာကိုပြောဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 15 Views
ဩဂုတ်လ (၁)ရက်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကိုပြောဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား၊ ဖြစ်သင့်တာတွေကို ပြောပြီး
မြန်မာသတင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို မင်းအောင်လှိုင် အရေးပေါ်အခြေအနေကြေညာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 18 Views
ဩဂုတ်လ (၁)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်စုစုပေါင်း (၆၃)မြို့နယ်ကို မင်းအောင်လှိုင်က ကာ/လုံကနေ အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို အရေးပေါ်အခြေအနေကြေညာတာဟာ လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းစေဖို့နဲ့ နယ်မြေတည်ငြိမ်ရေး၊ ‌တရားဥပဒေစိုးမိုးရေးတို့ကို
မြန်မာသတင်း

ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ မျှော်မှန်းတဲ့ နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 30 Views
ဇူလိုင်လ (၃၁)ရက်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ မျှော်မှန်းတဲ့ အနာဂတ် နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ ဒီကနေ့မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ်
မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 140 Views
ဇူလိုင်လ (၃၁)ရက်။ ကာ/လုံအစည်းအဝေးကနေ စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီက ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ထဲ ကနဦးထုတ်ပြန်ခဲ့ရာမှာ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဖြည့်စွက်ဖွဲ့စည်းတယ်ဆိုပြီး ပြောဆိုထားတာပါ။ စစ်ကောင်စီ