ကချင်ပြည်နယ်၊ မိုးကောင်းမြို့က ဇင်ယော်ဓာတ်ဆီဆိုင်ကို စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက်နေ့က ဖိုးချစ်ကုန်းရပ်ကွက်နဲ့ အထက်ရှမ်းစုရပ်ကွက်ကြားမှာ ဖွင့်ထားတဲ့ ဇင်ယော်ဓာတ်ဆီဆိုင်ကို ဖျက်ဆီးသွားတာဖြစ်ပြီး ဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မိုးကောင်းမြို့အတွင်း ဖမ်းဆီးစစ်ဆေးခြင်းတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
Eraseye\news