ရန်ကုန်နဲ့ မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM/Pre CDM လွယ်ကူစွာ ပြုလုပ်နိုင်ဖို့အတွက် တိုက်တွန်းလှုံ့ဆော်စာဖြန့်ဝေတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့ နံနက်ပိုင်းအချိန်က အကြမ်းဖက်အာဏာလုစစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM/Pre CDM ပြုလုပ်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM/Pre CDM ပြုလုပ်နိုင်ဖို့အတွက် တိုက်တွန်းတဲ့ လှုံ့ဆော်စာဖြန့်ဝေတာကို ရန်ကုန်နဲ့ မန္တလေးက အထင်ကရ လူစည်ကားတဲ့နေရာတွေမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုထားပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ပြည်သူ့ရင်ခွင် (People’s Embrace)၊ မြို့ပြတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Kyimyindaing Networks-K.M.D18၊ Mayangone Democratic Front (M.D.F) နဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။