နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ အာရှ

ဆီမီးကွန်ဒတ်တာများ

ပိုမိုအားကောင်းသည့် ChatGPT ကို ပြုလုပ်ရန် TSMC သည် ဆီလီကွန် ဖိုတိုနစ်စ် (silicon photonics) များနှင့် လောင်းကြေးထပ်လိုက်သည်။ ထွန်းသစ်စနယ်ပယ်သည် နည်းပညာသမားများအတွက် တိုက်ပွဲသစ်ဖြစ်လာသည်။

တိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ သည် ChatGPT ကဲ့သို့သော ဉာဏ်ရည်တုအသုံးချ အက်ပလီကေးရှင်းများ ပိုမိုအားကောင်းလာစေရန် ဆီလီကွန်ချစ်ပ်များကို optic နည်းပညာနှင့် ပေါင်းစပ်ထားသည့် ထွန်းသစ်စနယ်ပယ်ဖြစ်သော ဆီလီကွန် ဖိုတိုနစ်စ်များနှင့် လောင်းကြေးထပ်လိုက်သည်။ ကမ္ဘာ့အကြီးဆုံး ချစ်ပ် ထုတ်လုပ်သူ TSMC သည် ဈေးကွက်တွင် အဆင့်မြင့်ဆုံး AI ချစ်ပ်များကို ထုတ်လုပ်နေပြီဖြစ်သည်။ ဒုတိယဥက္ကဋ္ဌ ဒေါက်ကလပ်စ်ယုက ကုမ္ပဏီသည် ယခုအခါ စနစ်ပေါင်းစည်းမှုအတွက် လမ်းကြောင်းရှာဖွေခြင်း စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ရန် ကြိုးစားနေကြောင်း ပြောကြားခဲ့သည်။
“ တကယ်လို့ ကောင်းမွန်တဲ့ ဆီလီကွန် ဖိုတိုနစ်စ် ပေါင်းစည်းမှုစနစ်ကို ပံ့ပိုးပေးနိုင်ရင် AI အတွက် လုံလောက်တဲ့ စွမ်းအင်ထိရောက်မှုနဲ့ ကွန်ပျူတာစွမ်းဆောင်ရည် နှစ်ခုစလုံးကို ဖြေရှင်းနိုင်မှာပါ” ဟု SEMICON ထိုင်ဝမ်စက်မှုလုပ်ငန်းပြပွဲဖွင့်ပွဲမတိုင်မီ အင်္ဂါနေ့က ဖိုရမ်တစ်ခု၌ ယုက ပြောကြားခဲ့သည်။
“ ဒါဟာ စံနမူနာ အပြောင်းအရွှေ့တစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့ ခေတ်သစ်တစ်ခုရဲ့ အစမှာ ဖြစ်နိုင်ပါတယ်။” ပိုမိုကောင်းမွန်ပြီး ပိုမိုပေါင်းစပ်ထားတဲ့ ဆီလီကွန် ဖိုတိုနစ်စ်စနစ်အတွက် မောင်းနှင်အားမှာ ကြီးမားတဲ့ ဘာသာစကား မော်ဒယ်တွေကို လုပ်ဆောင်ရန်အတွက် လိုအပ်တဲ့ ကြီးမားတဲ့ကွန်ပျူတာစွမ်းအားဖြစ်တဲ့ Chatbots (လူအစား စက်က ဖြေကြားပေးတဲ့ ကွန်ပျူတာပရိုဂရမ်) နဲ့ Bard (Google မှတီထွင်ထားသည့် Chatbots) တို့ကို ပံ့ပိုးပေးတဲ့ နည်းပညာနဲ့ အခြား AI ကွန်ပျူတာဆိုင်ရာ အပလီကေးရှင်းများဖြစ်တယ်။


ဆီလီကွန် ဖိုတိုနစ်စ်သည် မြန်နှုန်းမြင့်ဒေတာပေးပို့မှု၊ ရှည်လျားသောအကွာအဝေးနှင့် လျှပ်စစ်အချက်ပြမှုများထက် အလင်းကို အသုံးပြု၍ စွမ်းအင်သုံးစွဲမှုနည်းပါးစေရန် ဆီလီကွန်အခြေခံဆားကစ်များနှင့် လေဆာများကဲ့သို့သော optical အလင်း အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည့် နည်းပညာတစ်ခုဖြစ်သည်။ ၎င်းသည် latency (ဒေတာပို့မှုနှောင့်နှေးခြင်း) နည်းပါးမှုကိုလည်း ပေးနိုင်ပါသည်။ ဒေတာစင်တာများ၊ စူပါကွန်ပျူတာများနှင့် ကွန်ရက်ချိတ်ဆက်မှုဂီယာများမှ မောင်းသူမဲ့ကားများနှင့် ကာကွယ်ရေးရေဒါစနစ်များအထိ နည်းပညာ တီထွင်သူ အများအပြားက ၎င်း၏အလားအလာကို မျက်စိကျသောကြောင့် ဆီလီကွန် ဖိုတိုနစ်စ်များသည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းစက်မှုလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှု နယ်ပယ်တစ်ခု ဖြစ်လာသည်။

Intel, Cisco နှင့် IBM တို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဆီလီကွန် ဖိုတိုနစ်စ် ဖြေရှင်းချက်များနှင့် စနစ်များကို ကာလရှည်ကြာ လုပ်ဆောင်နေခဲ့သည်။ Nvidia သည် ကမ္ဘာ့တန်ဖိုးအရှိဆုံး ချစ်ပ်ဆော့ဖ်ဝဲထုတ်လုပ်သူဖြစ်ပြီး လက်ရှိတွင် ကြီးမားသော ဘာသာစကားမော်ဒယ်များကို အသုံးပြုရန်အတွက် ဒေတာစင်တာဆာဗာများကို ပါဝါပေးနိုင်သည့် ချစ်ပ်များတွင် ဈေးကွက်အမြင့်ဆုံးရှိသည်။ အမေရိကန်ကုမ္ပဏီသည် optic အပြန်အလှန်ချိတ်ဆက်နည်းပညာပံ့ပိုးပေးသူ Mellanox ကိုဝယ်ယူခဲ့သည်။ တရုတ်နိုင်ငံ၏ နည်းပညာချန်ပီယံ Huawei Technologies သည် ယူကေရှိ Cambridge တွင် သုတေသနဌာနတစ်ခု တည်ထောင်ခြင်းအပါအဝင် ဆီလီကွန်ဖိုနစ်များကို တီထွင်ဖန်တီးရာတွင် နှစ်အတော်ကြာ ရင်းနှီးမြုပ်နှံခဲ့သည်။


TSMC ၏ ဒုဥက္ကဋ္ဌ ယုသည် ၎င်း၏အင်အားကြီးမားသည့်ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီသည် ၎င်း၏အဆင့်မြင့် ချစ်ပ်များ ဆင့်ထပ်ခြင်း (chip stacking) နှင့် ချစ်ပ် packaging နည်းပညာများကို အသုံးပြု၍ ပေါင်းစပ် ဆီလီကွန် ဖိုတိုနစ်စ် စနစ်တစ်ခု တည်ဆောက်ရန် နည်းပညာများကို လုပ်ဆောင်နေသည်ဟု ဆိုသည်။ အဆင့်မြင့် ချစ်ပ်ထုပ်ပိုးမှုသည် Intel၊ Samsung နှင့် TSMC တို့၏ အဓိက ချစ်ပ်ထုတ်လုပ်သူများကြားတွင် ပိုမိုအားကောင်းသည့် ချစ်ပ်များကို တီထွင်ထုတ်လုပ်လာသောကြောင့် အဆင့်မြင့် ချစ်ပ်ထုပ်ပိုးမှု နယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။ ယုသည် ၎င်း၏ကိုယ်ပိုင် ချစ်ပ် packaging နှင့် ဆင့်ထပ်ခြင်း (stacking) နည်းပညာကို အသုံးပြု၍ ဆီလီကွန်ဖိုတိုနစ်စ်များကို ပေါင်းစပ်ကာ ချိတ်ဆက်ရန် ပေါင်းစပ်စနစ်တစ်ခုအား ယုက ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ချစ်ပ်ထုပ်ပိုးခြင်းနှင့် စမ်းသပ်ခြင်းကို ဝန်ဆောင်မှုပေးသည့် ASE Technology Holding ၏ စီအီးအို (CEO) ဖြစ်သူ တိန်ဝူ (Tien Wu) က အလားတူ မှတ်ချက်ကိုပေးခဲ့သည်။ သူက ဆီလီကွန် ဖိုတိုနစ်စ်များကို ပေါင်းစပ်ခြင်းနှင့် ထုတ်ပိုးခြင်းနည်းပညာသစ်သည် အနာဂါတ်ကွန်ပျူတာမျိုးဆက်အတွက် အရေးကြီးဆုံးသော ပြဿနာများကို ဖြေရှင်းနိုင်သည့် အဓိကသော့ချက်ထဲမှ တစ်ခုဖြစ်သည်ဟုဆိုသည်။ ကမ္ဘာ့ဆီလီကွန် ဖိုတိုနစ်စ်ဈေးကွက်သည် ၂၀၃၀ ခုနှစ်တွင် ဒေါ်လာ ၇.၈၆ ဘီလီယံ အထိရောက်ရှိရန် မျှော်လင့်ထားပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁.၂၆ ဘီလီယံမှ ၂၅.၇%အထိ တိုးလာခဲ့သည်ဟု စက်မှုအသင်းအဖွဲ့ SEMI ၏ ခန့်မှန်းချက်အရ သိရသည်။

Source: Nikkei
ဓာတ်ပုံ။
စနစ်ပေါင်းစည်းမှုအတွက် လမ်းကြောင်းရှာဖွေခြင်း TSMC ဒုတိယဥက္ကဋ္ဌ ဒေါက်ကလပ်စ်ယု (Douglas Yu) က ကုမ္ပဏီသည် ဆီလီကွန် ဖိုတိုနစ်စ်များကို ကြီးကြီးမားမား ပုံအောပြီး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 45 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင်
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL)
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ချေးငွေကို အများဆုံး လက်ခံရရှိသူမှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 61 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ပေကျင်း – ဝါရှင်တန်သည် နိုင်ငံများအား တရုတ်ချေးငွေများ လက်ခံခြင်း၏ အန္တရာယ်များ အကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း ကမ္ဘာပေါ်တွင်
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်ထပ်မြင့်အဆောက်အအုံများစုပြုံလောင်ကျွမ်းခံရခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 70 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက် ဤမီးလောင်မှုသည် ဟောင်ကောင်၊ တိုင်ပေါ (Tai Po) ခရိုင်ရှိ အများပြည်သူ လူနေအိမ်ရာ အဆောက်အအုံကြီးဖြစ်သော ဝမ်ဖုခ် (Wang Fuk) တိုက်တန်းအိမ်ရာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးမှုနှင့်
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 79 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို ချီးမွမ်းခြင်းခံခဲ့ရသည်။
ဂျပန် တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်-ဂျပန် အဆင့်မြင့်အရာရှိဆွေးနွေးပွဲမှာ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် စကားပြောနေသည့်ပုံစံကြောင့် လူမှုကွန်ရက်တွင် ကန့်ကွက်မှုများဖြစ်ပေါ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 112 Views
နိုဝင်ဘာလ (၁၉) ရက်။ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအေ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဖြေကြားချက်အပြီး ကျင်းပခဲ့သော ၁၈ ရက်နေ့ ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်၊ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သေဒဏ်ချမှတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 89 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ဖြုတ်ချခံလိုက်ရသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် သေဒဏ်ချမှတ်ခံရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံး-ဘင်္ဂလားဒေ့ရှ် (ICT-BD) သည် တနင်္လာနေ့တွင် အဆိုပါ စီရင်ချက်ကို
Asia ဂျပန် နိုင်ငံတကာသတင်း အာရှ

တရုတ်ကောင်စစ်ဝန်က ဂျပန်ဝန်ကြီးချုပ်ကို တိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး “အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ” ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 119 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် ဂျပန်ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးရာများ ပြီးခဲ့သည့်အပတ် ပါလီမန်တွင် ဂျပန်အမျိုးသမီး ဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်နိုင်ငံ တိုက်ခိုက်ခံရပါက ဂျပန်နိုင်ငံအနေနှင့် “အဖွဲ့လိုက် ခုခံကာကွယ်ခွင့် (Shūdanteki Jieiken – Collective self-defense)”