နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝေါမှာ စစ်ကောင်စီက ဆန်နဲ့ဆီ စျေးလျော့ရောင်းပေးနေ

ပဲခူးတိုင်း ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအဖွဲ့က အပတ်စဉ် ရုံးပိတ်ရက်တွေမှာ ဆန်နဲ့ဆီကို စျေးလျော့ရောင်းပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


မြို့နယ်စစ်ကောင်စီက ဧည့်မထဆန်တပြည်ကို ၂၇၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာကို ၄၈၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေပြီး အဲ့ဒီလို စျေးလျော့ရောင်းနိုင်ဖို့ ဝေါမြို့လုပ်ငန်းရှင်တွေဆီကနေ ကျပ်ငါးသောင်းမှ သိန်းဆယ်ဂဏန်းအထိ တောင်းခံကာ

ဆန်၊ဆီ ပြန်ဝယ်ပြီး မြို့နယ်စီကောင်စီက နာမည်ခံရောင်းပေးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်ဆန်လုပ်ငန်းရှင်အသင်းက ပြင်ပပေါက်ဈေး ကျပ် ၄၀၀၀ ဝန်းကျင်ရှိ ဧည့်မထဆန်တပြည်ကို ၂၇၀၀ ကျပ်နှုန်းနဲ့ လူတဦးကို တပြည်နှုန်းရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

ပြင်ပစျေးကွက်မှာတော့ စားအုန်းဆီတပိဿာ ကျပ် ၈၀၀၀ ကျော်ပေါက်နေသလို ဧည့်မထ ဆန်တပြည် ကျပ် ၄၀၀၀ နီးပါး၊ ပေါ်ဆန်းမွေး ဆန်ချော ၁ တင်းခွဲဝင်တအိတ်ကို ကျပ်တသိန်းအထက်အထိ စျေးမြင့်တက်နေတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားကုန်တွေ အပါအဝင် ကုန်စျေးနှုန်းတွေကြီးမြင့်နေမှု၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့် ပြည်သူအများ စားဝတ်နေရေးခက်ခဲကျပ်တည်းနေတာလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 35 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 37 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 38 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 39 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 40 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 31 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်