စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရေယာဥ်က ချင်းတွင်းမြစ်ဘေးကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ညနေ ၆နာရီဝန်းကျင်က ချင်းတွင်းမြစ်အထက်ဆန်တက်လာတဲ့ စစ်ကောင်စီမော်တော်ရေယာဥ်တစ်စီးက ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ (၆၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖောင်းကတာကျေးရွာနေ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီရေယာဥ်ဟာ ချင်းတွင်းမြစ်အတိုင်း မုံရွာမြို့အထက်ဘက်သို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။