နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မလာအောင် ဝိုင်းဝန်းစဉ်းစားဖို့ NUG ပြော

စစ်ကောင်စီက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲ ဖြစ်မလာအောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်တယ်လို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဒီကနေ့ စက်တင်ဘာလ (၁၂) ရက် နံနက် (၁၀) အချိန်က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ (၃၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ ရွေးကောက်ပွဲဟာ သူတို့ (စစ်ကောင်စီ) ရဲ့ ထွက်ပေါက်လို့ ထင်နေတာကြောင့် မဖြစ်မနေ ကြိုးစားပြီး အားထုတ်လာမယ့် အနေအထားမျိုး တွေ့ရပါတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် နိုင်ငံတကာကိုလည်း အဲ့ဒီရွေးကောက်ပွဲဟာ အာဏာလု အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လုပ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့အကြောင်းတွေ တိတိကျကျ ပြောပြထားနိုင်ဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၄ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးရင် ရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 23 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 16 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 19 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့
မြန်မာသတင်း

ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်က အရပ်သားတဦးကို ပစ်သတ်ပြီး နေအိမ် (၇၀)ကျော်ကို မီးရှို့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 17 Views
မတ်လ (၄)ရက်။ အခုနှစ်ရက်ထဲ ကျောက်ပန်းတောင်းမြို့က ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ပန်းတောင်းလူငယ်ကွန်ရက်ထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၂)နာရီကျော်လောက်ကစပြီး အကြမ်းဖက် စခ၊ ပျူနဲ့ ဒလံတွေ ဦးဆောင်ပြ စိတ္တိန်းမြောက်ရွာကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 32 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ လွတ်ရမယ့် နိုင်/ကျဉ်း (၂၀၀)ကျော်ကို ဆက်အကျဉ်းချထားဆဲလို့ဆို

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 28 Views
မတ်လ (၄)ရက်။ အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၂(က)နဲ့ ပုဒ်မ ၅၀(ည)တို့နဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ နာမည်ပါပေမယ့် မလွတ်လာသေးဘူးလို့ PPNM ထံက သိရပါတယ်။ “ ပုဒ်မ ၅၂(က)၊ ၅၀(ည)နဲ့ ဖမ်းခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ
မြန်မာသတင်း

ပခုက္ကူမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၃)ဦးသေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 47 Views
မတ်လ (၃)ရက်။ မနေ့က ပခုက္ကူမြို့ ကိုးပင်ရွာအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကိုးပင်ရွာနားမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကျနော်တို့
မြန်မာသတင်း

စက်သုံးဆီချွေတာနိုင်ဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်ဖို့ စစ်ကော်မရှင်ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 42 Views
မတ်လ (၃)ရက်။ စက်သုံးဆီချွေတာဖို့ဆိုပြီး ပုဂ္ဂလိကပိုင်ကားတွေကို ရက်ခွဲပြီး မောင်းနှင်အသုံးပြုဖို့ စစ်ကော်မရှင်က ဒီကနေ့ ညပိုင်းမှာ ကြေညာထားတယ်လို့ သိရပါတယ်။ အခု ကမ္ဘာ့အလယ်ပိုင်းအခြေအနေတွေအရ အရှေ့အလယ်ပိုင်းဒေသထဲ စစ်ရေးပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတလျှောက် အတားအဆီး