စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဧရာဝတီမြစ်ရိုးနားက ကျေးရွာတွေကို စစ်ကောင်စီက အင်အား (၁၀၀) ကျော်နဲ့ စစ်ကြောင်းထိုးနေလို့ ရွာလေးရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မနေ့က မနက် (၆) နာရီလောက်မှာ အင်အား (၁၅၀) ခန့်ပါ စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကြောင်းအတိုင်း လာရောက်ပြီး မြောင်မြို့နယ် နဂါးပေါက်ရွာနဲ့ ဘုန်းကောင်းရွာတွေထဲ ဝင်ရောက်သွားတာပါ။
စစ်ကောင်စီဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြင်းခြံနယ်၊ ဆီမီးခုံကနေ စက်လှေခြောက်စီးနဲ့ မြစ်အနောက်ဘက်ကမ်းက မြောင်နယ် နေပူကုန်းရွာကို စတင်ဝင်ရာက်လာတာ ဖြစ်ပါတယ်။
မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းဖြန့်ရာမှာတော့ မနေ့က မနက် (၉) နာရီအချိန် နဂါးပေါက်ရွာကို ဝင်မွှေခဲ့ရာ လက်လုပ်စိန်မြောင်း အပါအဝင် လက်လုပ် လက်နက်ပစ္စည်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။