စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်က စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးတယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် (၆)နာရီခွဲက ခရီးသွားပြည်သူကိုဆက်ကြေးကောက်နေတဲ့ ဘုတလင်မြို့ပေါ်က စစ်ကောင်စီဂိတ်ကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင် PDF တပ်ရင်း(၂၄) နဲ့ မဟူရာနတ်ဆိုးအဖွဲ့တို့ ပူးပေါင်းပြီး စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ခြောက်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့ပြီး (M-79) တစ်လက်၊ (M-79) ကျည် ခုနှစ်လုံး၊ (G-3) သေနတ် တစ်လက်၊ (G-3) ကျည်ဘောက် ခြောက်ဘောက်၊ (7.6251) ကျည် (၁၀၀)တောင့် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဘုတလင်မြို့ဟာ စစ်အုပ်စုအခြေပြုထားတဲ့ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခနဲ့ မိုင် (၂၀) ခန့်သာ ကွာဝေးပြီး ဘုတလင်မြို့ပေါ်မှာ ဆက်ကြေးကောက်ခံတာတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။