နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီတပ်များမှ အင်အားဖြည့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေး မြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကျိုက်ထို တပ်မ (၄၄) လက်အောက်ခံ ခလရ-(၂)၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း (၁၀၂၁) နဲ့ BGF တပ်နယ် (၃) စုစုပေါင်းအင်အား (၁၀၀) ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို K.N.L.A တပ်ရင်း (၁၆) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘလ ၁၄ ရက်၊ မနက် (၈း၀၀) အချိန်လောက်ကစတင်ပြီး နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာလ (၁၆) ရက်နေ့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ ထိတွေ့ပစ်ခတ်မှုမှာ Mi-35P တိုက်ခိုက်ရေးဟယ်လီကော်ပတာတစင်းဟာ မနက် ၉ နာရီ ၁၂ မိနစ်မှာ အရှေ့တောင်းတိုင်း စစ်ဌာနချုပ် မော်လမြိုင်ကနေ ထွက်လာပြီး မနက် ၉ နာရီ ၄၀ မိနစ် ဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် (၁) ဦးမှာ ကျဆုံးခဲ့ရပြီး ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်များလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအပြင် အဘစ်အမြှောက်တပ်ကနေ ၁၂၂ မမ လက်နက်ကြီးများနဲ့လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်များ ထပ်မံပျက်စီးမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။စက်တင်ဘာလ (၁၅) ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ် BGF တပ်နယ် (၃) ဘက်ကနေ အင်အား (၁၀၀) လောက် ထပ်မံအင်အားဖြည့်တင်းလာတဲ့အတွက် KNLA ပူးပေါင်းတပ်များနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။စက်တင်ဘာလ (၁၄) ရက်နေ့ စာရင်းအရ ဒေသခံပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။ လက်ရှိစစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မိုးအဆက် မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းလာတဲ့အတွက် နေရာထိုင်ခင်းအတွက် အမိုးအကာများ လုံလောက်မှု မရှိတဲ့အပြင် စစ်ဘေးရှောင်ရန် စခန်းများ သီးသန့်မရှိတဲ့အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများနဲ့ ဆေးကုသမှုတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။ KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၁၆)။

ဓာတ်ပုံစာအညွှန်း။ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များ။

သတင်းအရင်းအမြစ်။ ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 4 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့