နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မုန်းမြို့မှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးပြီး နေအိမ်တွေ မီးရှို့တာကြောင့် ဒေသခံ (၁၆၀၀)နီးပါးထွက်ပြေးနေရ

ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား (၃) ဦးကို အကြောင်းမဲ့ဖမ်းဆီးကာ နေအိမ် (၁၂) လုံးကို မီးရှို့တာကြောင့် ဒေသခံ (၁၆၀၀) နီးပါး ထွက်ပြေးနေရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၁၄) ရက်နေ့က စစ်တပ်စစ်ကြောင်းဟာ မုန်းမြို့နယ်ရှိ ငထွေစုတ်ရွာထဲသို့ ဝင်ရောက်ခဲ့ကာ ရွာထဲကျန်ရစ်နေတဲ့ အရပ်သား (၈) ဦးအနက် အသက် (၆၀) နှစ်ရှိ နော်ဒိုဂေ၊ အသက်(၅၀) နှစ်ရှိ နော်ဒိုင်ရီစိုးနဲ့ အသက် (၃၀) နှစ်ရှိ မမြသန်းစိန်တို့ကို ဖမ်းဆီးကာ ရွာထဲရှိ နေအိမ် (၁၂) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်တပ်စစ်ကြောင်းဟာ ငထွေစုရွာနဲ့ မျက်ရဲရွာထဲ ဝင်ရောက်ခဲ့ပြီးနောက် တပ်စွဲထားခဲ့တဲ့အတွက် စက်တင်ဘာလ (၁၅)ရက်နေ့မှာ ရေလဲကရင်ရွာနဲ့ ရေလဲဗမာရွာက အိမ်ခြေစုစုပေါင်း (၁၉၂)လုံးရှိ လူဦးရေ (၁၅၃၄)ဦးမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ပြောဆိုထားပါတယ်။

စစ်တပ်က ရွာတွေထဲ ဝင်ရောက်တပ်စွဲတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသူရွာသားတွေရဲ့ လယ်ကွက်တွေထဲ ကျွဲ၊ နွားတွေက ဝင်ရောက်စားသောက်ကာ ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးနေရတယ်လို့ ရေးသားထားပါတယ်။

အခုချိန်ဟာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် ထွက်ပြေးနေရတဲ့ ပြည်သူတွေဟာ အခြေခံစားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ အမိုးအကာတွေ မလုံလောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရကာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ရန်မျိုးအောင်ရွာနဲ့ တမောမရွာက အိမ်ခြေ (၁၂) လုံးက လူဦးရေ (၇၀) ခန့်ကလည်း ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ကူညီထောက်ပံ့လိုပါက သက်ဆိုင်ရာအဖွဲ့တွေထံ ဆက်သွယ်ကူညီနိုင်တယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 7 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ
မြန်မာသတင်း

မတ္တရာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 10 Views
စက်တင်ဘာလ (၁၇)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် မတ္တရာမြို့ရှိ ဒီယာရွာနဲ့ ဥက္ကံရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့်ကျင့်ဝတ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 8 Views
စက်တင်ဘာလ (၁၇)ရက်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့
မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 72 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ကျွန်‌တော်တို့က စက်တင်ဘာ
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 58 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့သူတွေဟာ မန္တလေး ချမ်းမြသာစည်မြို့မှာ စံထိုက်သီ
မြန်မာသတင်း

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 58 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် ကျောက်တံတားမြို့ရှိ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။ “ ဟုတ်တယ်၊ မနက် (၆)ခွဲကျော်လောက် ဆူးလေဘုရားလမ်းဘက်ခြမ်းက မြို့တော်ခန်းမဘက်မှာ ဗုံးကွဲတာ။
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး(၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 70 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံတာက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 114 Views
စက်တင်ဘာလ (၁၅)ရက်။ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံတဲ့လုပ်ရပ်တိုင်းက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို