နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မိုးကုတ်နဲ့ မူဆယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ထုတ်ပြန်

မိုးကုတ်မြို့နဲ့ မူဆယ်မြို့တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


တအာင်းပြည်နယ်၊ တပ်မဟာ(၂)နဲ့ တပ်မဟာ(၁)စစ်ဒေသတွေဖြစ်တဲ့ မိုးကုတ်နဲ့ မူဆယ်တို့မှာ တစ်ရက်ထဲ စက်တင်ဘာလ ၁၇ ရက်နေ့က တအာင်းတပ်မတော်(TNLA)နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ (၃)နေရာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၇)နာရီ (၄၀)မိနစ်က မူဆယ်မြို့၊ ဟိုပေါ်ရွာကနေ နမ့်ကတ်ကို စစ်အင်အားအများအပြားနဲ့ အင်အားဖြည့်နေတဲ့ စစ်တပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံ ခမရ(၄၁၉)နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ လွယ်ကျယ်လောက်ကနေ ဟိုပေါ်ကို (၁၁)ကြိမ် ပစ်ခတ်ခဲ့ကာ နမ့်ကတ်အနီးကို (၁)ကြိမ်၊ (၁၀၅)မိုင်တပ်စခန်းကနေ လွယ်ပက်ကို (၅)ကြိမ်နဲ့ သိန္နီတပ်စခန်းကနေ မန်မိုင်အနီးကို (၇)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးခဲ့ပြီး သေနတ်(၁)လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် မိုးကုတ်မြို့နယ်၊ ကုန်းစံကနေ TNLA ရှိရာကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)/(၁၀၄)နဲ့ လပခ/ခလရ(၁၄၉)နဲ့ TNLA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၅)နာရီမှာ TNLA က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ကုန်းစံအနီးနဲ့ အထက်ညောင်ကုန်းရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ (၂) ကြိမ်လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် မိုးကုတ်မြို့နဲ့ ဖြူရောင်ကျေးရွာက TNLA ရှိရာ ကုန်းစံအနီးကို လက်နက်ကြီးနဲ့ (၁၁)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို
မြန်မာသတင်း

နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်း‌ပယောဂကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်းပယောက ကင်းရှင်းဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ တိုင်းရင်းသားညီအကိုတွေ
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်ဟာ ဟန်ပြလွှတ်တော်လို့ CNF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ အတုအယောင်ရွေးကောက်ပွဲက ထွင်ပေါ်လာမယ့် ပြည်ထောင်စုလွှတ်တော်ဟာ ဟန်ပြလွှတ်တော်သာဖြစ်တယ်လို့ CNF ရဲ့ ဒီကနေ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ အထိမ်းအမှတ်အခမ်းအနား သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင် ပြည်ထောင်စုလွှတ်တော်ဟာ အမျိုးသားညီလာခံလို (၁၄)နှစ်ကြာ အချိန်ဆွဲပြီး စစ်တပ်အာဏာတည်မြဲဖို့
မြန်မာသတင်း

ကန့်ဘလူခရိုင်ထဲ စစ်ကော်မရှင်စခန်း (၄)ခုကို သိမ်းပိုက်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အခုနှစ် ဖေဖော်ဝါရီလအစမှာ ကန့်ဘလူခရိုင်ထဲ PDF၊ ပကဖနဲ့ AA ပူးပေါင်းတပ်ဖွဲတွေ စုပေါင်းကာ စစ်ရေးဖော်ဆောင်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစုပေါင်းစစ်ဆင်ရေးထဲ စစ်ကော်မရှင်စခန်း (၄)ခုကို
မြန်မာသတင်း

ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီလို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဖက်ဒရယ်ယူနစ်တခုအနေနဲ့ ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီဖြစ်တယ်လို NUG က ဒီကနေ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို သိရပါတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးအခင်းအကျင်းမှာ KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့အတူ ကရင်အမျိုးသား
မြန်မာသတင်း

ကစယ်ဒိုမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုင်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ မနေ့က ကစယ်ဒိုမြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သရက်ချောင်းမြိုကနေ ကစယ်ဒိုမြိုနယ်ထဲရှိ ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို စစ်ကော်မရှင်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)နဲ့ (၄၀၅)တို ပူးပေါင်းစစ်ကြောင်းထိုးလာခဲ့တာလို