နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းမှာ ကလေးတွေစာသင်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က ဟောင်ဝစ်ဇာနဲ့ပစ်ခတ်ခဲ့၊ ကလေးငယ် (၁၈) ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို စစ်တပ်က ဟောင်ဝစ်ဇာနဲ့ စက်တင်ဘာလ (၂၇)ရက်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်က ပစ်ခတ်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်က စစ်တပ်ရဲ့ ခမရ(၁၀၂)က ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် (၃)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အချိန်က ဂျိုးထောင်ရွာက ကလေးငယ်တွေ ဘုန်းကြီးကျောင်းမှာ စာသင်ကြားနေချိန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကလေးငယ်တွေ ပညာသင်ယူနေတဲ့ ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ ကျိုးကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် (၁၈) ဦးဒဏ်ရာရပြီး (၆) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ MOD က ပြောပါတယ်။
အခုဖြစ်ရပ်ဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စု ရာဇဝတ်မှု ကျူးလွန်နေတာကို ထင်ရှားစွာ ပြသနေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါခရိုင်အမှတ် (၁၈)တပ်ရင်းထံ အလင်း၀င်လာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 9 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၁)ရက်နေ့က ထီးလင်းမြို့က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာခဲ့တယ်လို့ Yaw Revolution Force-Htilin ရဲ့
မြန်မာသတင်း

မြန်မာရေဘေးအတွက် ကန်ဒေါ်လာ (၁.၇)သန်း ဩစတြေးလျ ထပ်တိုးကူညီ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ (၁.၇)သန်း ထပ်တိုးကူညီတယ်လို့ ဩစတြေးလျသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩစတြေးလျနိုင်ငံက
မြန်မာသတင်း

ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က အကျအရှုံးတွေရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 13 Views
စက်တင်ဘာလ (၂၃)ရက်။ အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingy Revolution Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၃)ရက်နေ့နဲ့ (၂၀)ရက်နေ့တို့မှာ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့
မြန်မာသတင်း

ရေစကြိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ညီအမ (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 18 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲခန့်မှာ ရေစကြိုမြို့ရှိ မအူအောက်ဆိပ်တိုက်နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မအူအောက်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရွှေကျင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ၊
မြန်မာသတင်း

မွန်ပြည်သူနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ MLA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 13 Views
စက်တင်ဘာလ (၂၃)ရက်။ မွန်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးလေးစားရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်တော်တည်ထောင်တာ (၂)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MLA အနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အာဏာရှင်စနစ်ပျက်သုဉ်းဖို့၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်
မြန်မာသတင်း

ရေဘေးကြောင့် မြို့နယ် (၅၄)မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး လူ (၃၈၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 10 Views
စက်တင်ဘာလ (၂၃)ရက်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်တာကြောင့် လူဦးရေ (၁၄၀၀၀၀)ကျော် ရေဘေးသင့်ကာ (၃၈၄)ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတ၀န်းရှိ နေပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ် (၉)ခုက မြို့နယ် (၅၄)မြို့နယ်
မြန်မာသတင်း

ငါန်းမြာကြီးရွာကို စစ်‌ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ (၁၂)ဦးနဲ့ ကာကွယ်ရေးရဲဘော် (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ငါန်းမြာဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက (၂)ရက်ဆက်တိုက် ဗုံးကြဲတာ၊
မြန်မာသတင်း

ချောင်းဦးမြို့ရှိ ကံဇီးပျူရွာစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော်ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၉)ရက်နေ့က ချောင်းဦးမြို့ရှိ ကံဇီးရွာပျူစောထီးစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး (၃၀)ကျော် ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၈)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့