နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရန်သူရဲ့စစ်ရေးပစ်မှတ်တွေကို စစ်ဆင်ရေးအရှိန်မြှင့်မယ်လို့ တောင်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကြေညာ

ရန်သူရဲ့ စစ်ရေးပစ်မှတ်တွေကို ခုခံစစ်၊ ပြောက် ကျားစစ်၊ တိုက်စစ် စတဲ့ စစ်နည်းဗျူဟာမျိုးစုံဖြင့် ကျေးလက်စစ်ဆင်ရေး၊ မြို့တွင်းစစ်ဆင်ရေး တာ ဝန်တွေ ကို စစ်ရေးအရှိန်မြှင့်ကာ ကြိုးစားဆောင် ရွက်လျက်ရှိတယ်လို့ တောင်ပိုင်းစစ်ဒေသအထူး စစ်ဆင်ရေးတပ်ဖွဲ့ (SOF)က အသိပေးထားကြေညာထားပါတယ်။


အထူးစစ်ဆင်ရေးတပ်ဖွဲ့အနေနဲ့ သြဂုတ်လနဲ့ အခုလအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေကိုလည်း အသိ ပေးထားပါတယ်။

KNU တပ်မဟာ (၆)နယ်မြေက စစ်ကောင်စီရဲ့ကွီလုံတိုင်စခန်းကို သြဂုတ်လ ၂၄ရက်ကနေ အခုလ ၁၄ ရက်အထိ ၂၁ရက်ကြာအောင် စစ်ကောင်စီရဲ့ ရိက္ခာနဲ့လမ်းကြောင်းကိုဖြတ်တောက်ပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာမှာ စစ်ကောင်စီဘက်က (၁၀) ဦးထက်မနည်းသေဆုံးမှုရှိခဲ့ပြီး ရိက္ခာနဲ့ခဲယမ်းလာပို့တဲ့ အင်အား ၁၀၀ ခန့်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ အဲ့ဒီစစ်ကြောင်းဟာ ထိုင်းဘက်ခြမ်းကို ထွက် ပြေးသွားခဲ့ကြောင်းနဲ့ ချောင်းကူးချိန်မှာ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၁၀) ဦးခန့် မြစ်ထဲမျောပါသေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် KNU တပ်မဟာ(၆)၊ တပ်ရင်း (၁၆)နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အခုလ ၁၇ နဲ့ ၁၈ ရက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲဟာပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က အကျအဆုံး များခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

KNU နှင့် ပူးပေါင်းတိုက်ပွဲဝင်တဲ့ မွန်နဲ့ ကရင်ဒေသစစ်ဆင်ရေးမှာလည်း စစ်ကောင်စီတပ်သား (၄၀) ကျော်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကို KNU တပ်မဟာ (၁)၊ တပ်ရင်း (၂) က ရဲဘော်တွေ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF)၊ ပကဖအဖွဲ့၊ KNLA၊ Cloud wings ဒရုန်းတပ်ဖွဲ့၊ နဂါးနီစတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြေပြင်ပူးပေါင်းအဖွဲ့အစည်းများ၊ local အဖွဲ့များဖြင့် စနစ်တကျ ချိတ် ဆက်ပူးပေါင်း၍ စစ်ဆင်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြည်သူလူထုကို အသိပေးထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 39 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 44 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 45 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 43 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 46 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 36 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်