နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဖုန်းဆင်းမ်ကတ်တွေကို ပြန်လည်မှတ်ပုံမတင်ဘဲ သုံးစွဲရင်အရေးယူမယ်လို့ စစ်ကောင်စီ ထပ်မံသတိပေးပြန်

မြန်မာနိုင်ငံမှာ လူသန်းချီအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့တကွ မဖြစ်မနေ မှတ်ပုံတင်ဖို့ စစ်ကောင်စီက ထပ်မံဖိအားပေးခြိမ်းခြောက်လာနေတယ်လို့ စက်တင်ဘာလ ၂၇ ရက် စစ်ကောင်စီအာဘော်သတင်းစာတွေကတဆင့် ဖော်ပြလာပါတယ်။


စစ်ကောင်စီဟာ အာဏာသိမ်းအချိန်ကစပြီး ဆက်သွယ်ရေးစနစ်တွေကို ထိန်းချုပ်ဖို့ကြိုးပမ်းလျက်ရှိရာ အခုအခါ လက်ဝယ်ရရှိထားတဲ့ ဆင်းမ်ကတ်တွေကို ပြန်လည်မှတ်ပုံတင်ဖို့ ထပ်မံအသိပေးလာတာ ဖြစ်ပါတယ်။

ဒီလိုတွေ စစ်ကောင်စီက ဖုန်းဆင်းမ်ကတ်တွေကို ပြန်လည် မှတ်ပုံတင်ဖို့လုပ်ဆောင်လာတဲ့အတွက် အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်ပြီး စစ်တပ်ရဲ့ စောင့်ကြည့်ရေး ယန္တရားတစ်ခုဖြစ်လာနိုင်တယ်လို့ နည်းပညာရှင်တစ်ဦးကလည်း အခုလိုသုံးသပ်ပြောဆိုခဲ့ပါတယ်။

“ အခုကြစစ်တပ်က သူတို့ရဲ့ စောင့်ကြည့်ရေးယန္တရားအတွက် အသုံးပြုလာတာ၊ ရေရှည်မှာ အရမ်းအန္တရာယ်များတယ်။ အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်တယ်” လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီက သူတို့ထုတ်ပြန်ထားတာကိုမလိုက်နာရင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ အရေးယူမယ်လို့ ဆိုသလို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ ဟာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြေညာစာနဲ့ တားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ခြောက်လထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးနဲ့ အရေးယူသွားမယ်လို့လည်း စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ MPT ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ Atom သုံးစွဲသူ ၁၈ သန်း၊ Ooredoo သုံးစွဲသူ ၁၅ သန်းနဲ့ MyTel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတာနဲ့ ဆက်သွယ်ရေးအော် ပရေတာနှစ်ခုဖြစ်တဲ့ အစိုးရပိုင် MPT နဲ့ စစ်တပ်ပိုင် MyTel တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင် နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာ နှစ်ခုဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးတို့ကလည်း စစ်တပ်နဲ့ စီးပွားရေးဆက်နွှယ်တဲ့အသိုင်းအဝိုင်းတွေကိုပဲ ရောင်းချသွားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက အမည်မည်းစာရင်းသွင်းပြီး နိုတြီပြုလုပ်ပေးသူ (၃)ဦးကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 5 Views
နိုဝင်ဘာလ (၂၂)ရက်။ NUG က ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်နဲ့ ထိုင်းမှာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီး (၂)ဦးကို စစ်ကောင်စီက Black
မြန်မာသတင်း

ရေဦးမြို့မှာ ပျူစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ၊ (၄)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 5 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်မှာ ရေဦးမြို့ရှိ ထွေအုပ်ရုံးထဲ ပျုစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦး
မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ မီဒီယာကောင်စီဟာ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘဲ ပြင်းထန်စွာကန့်ကွက်တယ်လို့ IPCM ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 5 Views
နိုဝင်ဘာလ (၂၂)ရက်။ စစ်ကောင်စီဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘူးလို့ လွတ်လပ်သော သတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကောင်စီဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကို သတင်းမှားဖြန့်ချိဖို့ လုပ်ဆောင်ဖို့အတွက်
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဓါတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက ဓါတုအ‌ဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မတ္တရာအနောက်ဘက် မြစ်ရိုးတလျှောက်က ရွာတွေကို စကစက အဆိပ်ဓါတုဗုံးတွေနဲ့
မြန်မာသတင်း

မကွေးမြို့ရှိ ဆေးခန်းတစ်ခုက ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က ညနေ (၅)နာရီကျော်အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက စိမ်းဆေးခန်းမှာ ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေပိုင်းလောက် ‌ဆေးရုံကြီးမျက်နှာချင်းဆိုင်က စိမ်းဆေးခန်းမှာ
မြန်မာသတင်း

မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဘော်သစ်တွေကို MDY-PDF ခေါ်ယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ ရှေ့လာမယ့် မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေးရဲဘော်တွေ လိုအပ်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ “ စုဆောင်း၊ လေ့ကျင့်၊ စုဖွဲ့၊ တိုက်ပွဲဝင်” ဆိုတဲ့
မြန်မာသတင်း

ရေးမြို့ရှိ ကိုးမိုင်တံတား မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကားတွေပိတ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်က ရေးမြို့နဲ့ မလွဲတောင်ကြားရှိ ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကားသမားတွေထံက သိရပါတယ်။ “ နံနက် (၆)နာရီခွဲကျော်လောက် ရေးနဲ့ မလွဲတောင်ကြားက ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲတာ။ တံတားက လမ်းသားတွေ
မြန်မာသတင်း

ပြည်တွင်းကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 3 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဆောင်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိနေတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ စစ်ကောင်စီဝန်ကြီး