နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မုံရွာမှာ နေအိမ်ပြန်လာတဲ့ စစ်ကောင်စီတပ်ဗိုလ်ကြီးကို PDF က ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမှာ နေအိမ်ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး အောင်ဖြိုးသိန်းကို Black Falcon Guerrilla Forces အဖွဲ့က ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၂) တပ်မတော်ဆေးရုံက ကြည်း ကိုယ်ပိုင်နံပါတ်(၅၁၆၆၃) ဗိုလ်ကြီး အောင်ဖြိုးသိန်းကို စက်တင်ဘာလ (၄) ရက် နံနက်(၇) ခွဲခန့်မှာ သူ့ရဲနေအိမ်ကို ပြန်လည်ရောက်ရှိစဉ် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ အဝင်အထွက်လမ်းအားလုံးကို သူတို့ဘက်က ပိတ်ထားတယ်၊ လုံခြုံရေးလည်းအပြည့်ဘဲ ဒါပေမယ့် ကျွန်တော်တို့ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့” Black Falcon Guerrilla Forces က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး အောင်ဖြိုးသိန်းနဲ့အတူ ဟွန်ဒိုင်းအမျိုးအစား အိမ်စီးကားတစ်စီး၊ လက်ကိုင်ဖုန်း (၂) လုံးနဲ့ လက်ပ်တော့တစ်လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ စစ်ကောင်စီဘက်က လုံခြုံရေးအပြည့်ချထားပေမယ့် သူတို့တွေ လုံခြုံမှုမရှိတာကို ကျွန်တော်တို့ဘက်က မီးမောင်းထိုးပြတာဖြစ်ပါတယ်။ ကျန်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေလည်း အမြန်ဆုံးပူးပေါင်းဖို့ ထပ်မံသတိပေးလိုက်ပါတယ်” လို့ ထပ်မံပြောဆိုထားပါတယ်။

အခုချိန်မှာ ဗိုလ်ကြီး အောင်ဖြိုးသိန်း ဖမ်းဆီးခံရတာကို စစ်ကောင်စီဘက်က ကျေးရွာတွေထဲ စစ်ကြောင်းထိုး လိုက်လံရှာဖွေနေပြီး ပြည်သူပိုင်အိမ်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 5 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

မှော်ဘီရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာန ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 6 Views
နိုဝင်ဘာလ (၂၁)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon
မြန်မာသတင်း

ဘုရားသုံးဆူမြို့ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျားက မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 2 Views
နိုဝင်ဘယလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းအချိန်က ဘုရားသုံးဆူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျား နေအိမ်က မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ အသတ်ခံရတဲ့ မိသားစု (၃)ယောက်က လျှပ်စစ်ဝန်ထမ်းတန်းလျားက အိမ်မှာနေတာ။
မြန်မာသတင်း

မတ္တရာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 9 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က မတ္တရာမြို့နယ်ရှိ ဆောက်ခြုံပေါက်ရွာမှာ အင်အား (၇၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀(အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)မှာ
မြန်မာသတင်း

မင်းတုန်းမြို့နယ်ထဲ ဘယ်လက်နက်ကိုင်အဖွဲ့မဆို စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်ယူရမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 10 Views
နိုဝင်ဘာလ (၂၁)ရက်။ မင်းတုန်းမြို့နယ်ထဲ ဘယ်အဖွဲ့မဆို လက်နက်တွေနဲ့ သွားလာတာ၊ စစ်ရေးလှုပ်ရှားတာနဲ့ စခန်းချနေထိုင်လိုရင် သက်ဆိုင်ရာဒေသတာဝန်ရှိသူတွေက သဘောတူခွင့်ပြုမှသာ ပြုလုပ်ဖို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရာမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ညီညွတ်ဖို့လိုကာ အဲ့ဒီညီညွတ်ရေးကို
မြန်မာသတင်း

မြင်းခြံမြို့ (၇)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ (၂)ပွင့်ဗိုလ်အပါအဝင် (၃၆)ဦး သေ‌ဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး (၁၈)ရက်နေ့အထိ မြင်းခြံမြို့တောင်ဘက် (၅)မိုင်ခန့်အကွာက Myingyan Black Tiger ရဲ့ စစ်ကြောင်း(၃) စစ်ရေးလှုပ်ရှားနယ်မြေထဲကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးတပ်တွေဘက်က ခုခံစစ်အနေနဲ့ တိုက်ခိုက်ခဲ့ရာ
မြန်မာသတင်း

မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 6 Views
နိုဝင်ဘာလ (၂၁)ရက်။ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မသုံးစွဲကြဖို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့ကပြုလုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ မူလခန့်မှန်းခြေနဲ့ ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မူလက
မြန်မာသတင်း

အာရက္ခရေပိုင်နက်ထဲ ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား (၂၀)ဦးကို AA က ပြန်လွှဲပြောင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 3 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၇)ရက်နေ့က ‌အာရက္ခရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က ငါးခိုးဖမ်းနေတဲ့