နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 30 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မွန်ပြည်နယ်မှာ နယ်ထိန်းနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးခဲ့

တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ မွန်ပြည်နယ်မှာ နယ်ထိန်းနဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းအပါအဝင် အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF) ရဲ့ စက်တင်ဘာလ (၂၇ )ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


ဩဂုတ်လ (၁၂) ရက်နေ့က မွန်ပြည်နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်း ထွန်းနိုင်လင်းကို အနီးကပ်တိုက်ခိုက်ခဲ့ကာ နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။


ဩဂုတ်လ (၂၇)ရက်နေ့မှာ ပေါင်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဝေးထိန်းဒရုန်းနဲ့ ဗုံးသီး(၇)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကျော်နိုင်ဦးအပါအဝင် ၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၂၈)ရက်ကလည်း ပေါင်မြို့နယ်၊ သဗြူချောင်းရွာက စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် အောင်ငွေထွန်း(ခ)မောင်တူးကို ပျောက်ကျားပုံစံနဲ့ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ သေဆုံးအတိအကျကိုတော့ မသိရဘူးလို့ MSOF က ပြောပါတယ်။

စက်တင်ဘာလ (၃)ရက်နေ့က ပေါင်မြို့နယ်ရဲစခန်းက နယ်ထိန်းကိုကိုလွင်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး ၎င်းထံက လက်ပစ်ဗုံးတစ်လုံးနဲ့ ဓါးတစ်ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။


အဲဒီစစ်ဆင်ရေးတွေကို KNU တပ်မဟာ(၁)၊ တပ်ရင်း (၂) က ရဲဘော်တွေ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF) နဲ့ ပကဖအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) အနေနဲ့ တောင်ပိုင်းစစ်ဒေသတွင်း စစ်ရေးပစ်မှတ်တွေကို ခုခံစစ်၊ ပျောက်ကျားစစ်၊ တိုက်စစ် စသဖြင့် စစ်နည်းဗျူဟာမျိုးစုံနဲ့ ကျေးလက်စစ်ဆင်ရေး၊ မြို့တွင်းစစ်ဆင်ရေးတာဝန်တွေကို စစ်ရေးအရှိန်မြှင့်ကာ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာနိုင်ငံငလျင် အဏုမြူဗုံး ၃၃၄ လုံးနှင့် ညီမျှတဲ့စွမ်းအင်ကို ထုတ်လွှတ်ခဲ့တယ်လို့ အမေရိကန် အမေရိကန်ဘူမိဗေဒပညာရှင်ပြော

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 3 Views
မတ်လ (၃၀) ရက်။ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိ ငလျင်ဟာ အနုမြူဗုံး
1027 Operations မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် တအာင်းပြည်ထဲ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 4 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ တအာင်းပြည်ရှိ မြို့နယ်တွေမှာ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကိုင်းမြို့ ငလျင်ဒဏ်ကြောင့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပြိုကျရာ မူကြိုတက်နေသည့် ကလေးငယ်များနှင့်အတူ ကျောင်းတည်ထောင်သူ ကျောင်းအုပ်ဆရာမကြီးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 12 Views
မတ်လ (၂၉) ရက်။ စစ်ကိုင်းမြို့ အပ်ချုပ်စု ရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ခြင်းဖြစ်ရာ မူကြိုတက်နေသည့် ကလေးငယ်များနှင့်အတူ ကျောင်းတည်ထောင်သူ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမအချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းအဆောက်အအုံ ပြိုကျသွားတဲ့အချိန် လွတ်မြောက်ခဲ့တဲ့ ကလေးငယ်အချို့
မြန်မာသတင်း

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူဦးရေမှာ ၃၄၀၈ ဦးဖြစ်လာပြီလို့ စစ်ကောင်စီ ကြေညာ

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၆၄၄ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူဦးရေမှာ ၃၄၀၈ ဦးနှင့်
မြန်မာသတင်း

ရုရှားမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ရောက်ရှိလာ

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 9 Views
++++++++++++++ မတ်လ (၂၉) ရက်။ မြန်မာနိုင်ငံမှာ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦး ဒီနေ့ မတ်လ (၂၉) ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ ရုရှားသမ္မတနဲ့ အရေးပေါ်ဝန်ကြီးရဲ့
မြန်မာသတင်း

မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်နိုင်ဟုဆို

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 10 Views
မတ်လ (၂၉) ရက်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ၁၁ လွှာရှိတဲ့ Sky Villa ကွန်ဒိုမှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ ပြိုကျလို့ ပိတ်မိနေတဲ့ ၄၃ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ကိုးယောက်ရဲ့ရုပ်အလောင်းတွေကို
မြန်မာသတင်း

“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး”

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး” မတ်လ ၂၈ရက်နေ့မှာြမန်မာပြည်အထက်ပိုင်းစစ်ကိုင်းတိုင်းမှာဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျှင်ကြီးနဲ့ပတ်သက်ပြီး ဦးထွန်းအောင်ကျော်ကသူ့အမြင်ကိုထုတ်ဖော်ပြောဆိုထားပါတယ်။ ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့။
မြန်မာသတင်း

ငလျင်ဒဏ်သင့် စစ်ခေါင်းဆောင်ဆီ တရုတ်သမ္မတ ဖုန်းဆက်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 9 Views
မတ်လ (၂၉)ရက်။ မြန်မာမှာ အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖုန်းဆက်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာမှာ ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကို ခံနေရကြောင်း ကြားသိရကာ ငလျင်ကြောင့်