နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသင်္ဘောတွေ ပစ်ခတ်ခံရ

ချင်းတွင်းမြစ်အတွင်း အထက်ကိုဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေ စက်တင်ဘာလ (၃၀) ရက်နေ့ နံနက် (၁၀)နာရီခွဲခန့်က ပစ်ခတ်ခံရပြီး (၅)ဦးသေဆုံးခဲ့တယ်လို့ People Defence Force-South Monywa ရဲ့ ယမန်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


မုံရွာနဲ့ ဆားလင်းကြီးကြားရှိ မကျီးဘုတ်၊ မကျီးဂွဘက်ကနေ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး မြစ်ကြောင်းအလိုက် အထက်ကို ဆန်တတ်လာတဲ့ စစ်ကောင်စီသင်္ဘော (၂) စီးနဲ့ ကုန်တင်ယာဥ်သင်္ဘော (၇) စီးအနက် သင်္ဘောနှစ်စီးကို လက်နက်ငယ်တွေအပါအဝင် ရှေ့ထွက်မိုင်း (၁၀) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ စခ(၅)ကောင် အသက်ပျောက်ပြီး အများအပြားထိခိုက်ကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေကတစ်ဆင့် သိရှိရပါတယ်” လို့ People Defence Force-South Monywa က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို People’s Defence Force – South Monywa ရဲ့ တပ်ခွဲ(၁)အပါအ၀င် မုံရွာခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃)၊ Royal Alliance-တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၅) A.S.F၊ Deathless Generation Monywa လက်နက်ကြီးတပ်ဖွဲ့၊ Aung San Generation၊ One Way Revolution Force နဲ့ Dragon Brothers’ People’s Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် (၆)ခုကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 2 Views
မတ်လ (၂၈)ရက်။ ပြင်းထန်ငလျင်လှုတ်ခတ်တာကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် (၆)ခုကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ဒီကနေ့မှာ ကြေညာလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 2 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က ခရီးသည်တင်ကားတွေကို စစ်ဆေးချိန် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မန္တလေးလေယာဉ်ကွင်း ငလျင်မြင်ကွင်း

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 5 Views
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ် မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား
မြန်မာသတင်း

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 5 Views
မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား ၇.၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 12 Views
မနေ့က နံနက် (၆)နာရီအချိန် အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ ကာကွယ်ရေးတပ်တွေက လမ်းပိုင်းလုံခြုံရေး စစ်ဆေးခဲ့တာပါ။ အဲ့ဒီအချိန် ညောင်ခြေထောင်အပိုင်ရဲစခန်းက
မြန်မာသတင်း

လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 7 Views
မတ်လ (၂၈)ရက်။ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံတဲ့အတွက် တရားတဲ့စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဖော်ဆောင်တာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာတွေနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 17 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက