နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 3 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

EU နဲ့ အာဆီယံတို့ ပူးပေါင်းစီစဉ်တဲ့ဖိုရိမ်မှာ စစ်အုပ်စုကို ဖိတ်ထားတဲ့အပေါ် စိုးရိမ်ပူပန်မိတယ်လို့ NUG ပြော

ဥရောပသမဂ္ဂ(EU)နဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းစီစဉ်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို စစ်အုပ်စုအား ဖိတ်ကြားထားတဲ့အတွက် အလွန်ပင်စိုးရိမ်ပူပန်မိတယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


ဒီကနေ့ အောက်တိုဘာလ (၃) ရက်နေ့ကစပြီး ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖိုရမ်မှာ ဖိတ်ကြားခံထားရတဲ့ စစ်တပ်ဟာ မြန်မာပြည်သူလူထုအပေါ် လူမဆန်တဲ့ ကြမ်းတမ်းရက်စက်မှုတွေ ကျူးလွန်နေတာဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ/ဆရာမနဲ့ ကလေးသူငယ်တွေပါမကျန် သတ်ဖြတ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဖိုရမ်မှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ရမယ့်အစား စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရရှိနေတဲ့အပေါ် အံ့ဩတုန်လှုပ်ရပါတယ်လို့ NUG က ပြောဆိုထားပါတယ်။

ဒါ့ပြင် ဘရပ်ဆဲမြို့မှာ EU ရဲ့ လူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ်တွေနဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံခဲ့စဉ်ကလည်း ဒီမိုကရက်တစ်အဖွဲ့အစည်းတွေ၊ NUG၊ CRPH၊ NUCC အပါအဝင် အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ အဆိုပြုခဲ့တယ်လို့ ရေးသားထားပါတယ်။

ဥရောပသဂ္ဂနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့အနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ရာမှာ မြန်မာပြည်သူရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့သာ ကျင်းပဖို့ NUG က တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 13 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 15 Views
ဇွန်လ (၂)ရက်။ KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ (၄)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တလတာထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 15 Views
ဇွန်လ (၂)ရက်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး (၈၆)ဦးနဲ့ အမျိုးသား (၆၆)ဦးဖြစ်ကာ (၃)လအရွယ်
မြန်မာသတင်း

အပစ်ရပ်ကာလထပ်တိုးတယ်ဆိုတဲ့ စစ်ကောင်စီက စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်၊ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
‌ဇွန်လ (၂)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီ (၃၂)မိနစ်လောက်
မြန်မာသတင်း

မုံရွာမှာ ပြည်သူ့ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 15 Views
‌ဇွန်လ (၂)ရက်။ မနေ့က နံနက် (၁၁)နာရီ (၁၁)မိနစ်အချိန် မုံရွာမြို့ အထက(၁)ကျောင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မုံရွာ အထက(၁)ကျောင်းကနေ
မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 161 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ စစ်သားတစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ခဲ့ပြီး နောက်မှပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာသည်။ စစ်ကောင်စီ မြန်မာ့တပ်မတော်
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 37 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့ ထောင်ကို မသမာသူတစ်စုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တယ်လို့ YDF ရဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 27 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)