နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီ အာဏာသိမ်း ၂ နှစ်ခွဲ အတွင်း ချင်းလူမျိုး ၅၂၀ ကျော် အသက်ဆုံးရှုံး။

စစ်ကောင်စီက အာဏာသိမ်းယူအပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့အထိ ချင်းလူမျိုးတွေ သေဆုံးမှုဟာ ၅၂၈ဦး အထိ ရှိပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။အဲ့ဒီ (၅၂၈) ဦးထဲမှာ အရပ်သားက ၂၁၇ ဦးဖြစ်ပြီး ချင်းအမျိုးသားများ ဒေသခံ ကာကွယ်‌ရေးတပ်ဖွဲ့ဝင် ၃၁၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။


သေဆုံးခဲ့တဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်ကတော့ ၂၄ ဦး ရှိကာ မိန်းကလေး ကလေးငယ် (၄) ဦးနဲ့ ယောကျ်ားလေး ကလေးငယ် (၂၀) ဦးတို့ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂ နှစ်ခွဲကျော်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၆၃) ကြိမ်ထက် မနည်းရှိပြီး ပြည်သူပိုင်နေအိမ်နဲ့ ဘာသာသာရေးအဆောက်အအုံ ၂၂၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံဘေးကင်းရာဒေသကို စစ်ဘေးရှောင်နေကြရတဲ့ ချင်းလူမျိုး ၁၀၀,၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုပဲ စစ်ဘေးဒုက္ခသည် အနေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ချင်းလူမျိုးတွေလည်း ရှိပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ၆၀၀၀၀ ကျော်၊ နယူးဒေလီနဲ့ အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးမှာ ၁၀၀၀၀ ကျော်လောက် ရှိပြီး၊ မလေးရှားနိုင်ငံမှာလည်း စစ်ဘေးဒုက္ခသည် ချင်းလူမျိုး ၈၀,၀၀၀မှ ၁၀၀,၀၀၀ အကြားရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြစ်မှုကျူးလွန်မှုတွေကို နိုင်ငံတကာ ဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင်ရေးအတွက် တိကျတဲ့ သက်သေတွေ စုဆောင်းဖို့ များစွာ အရေးကြီးကြောင်း၊ ဂျနီဗာ သဘောတူချက်နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ရှင်းရှင်းလင်းလင်း ဆန့်ကျင်ပြီး ညှင်းပန်းနှိပ်စက်မှုကို ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိဘူးဆိုရင် ချင်းအမျိုးသားများသာမက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေ ဆက်လက် ဆုံးရှုံးနေမှာ ဖြစ်တယ်လို့ အစီရင်စာရဲ့ နောက်ဆုံးမှာဖော်ပြထားပါတယ်။


Photo: ချင်းရေးရာအဖွဲ့ချုပ် (ICA)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 18 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 21 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု