နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီရဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာလ (၁၁) ရက်နေ့က ထုတ်ပြန်ပါတယ်။


အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ ခလရ ၂၆၄ တပ်ရင်းကနေ ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့် ရွာဘက်ကို ၁၅၅ မမလက်နက်ကြီး ၃ လုံးပစ်ခဲ့ရာ အဲ့ဒီကျေးရွာက စောပွားစေး ၃၅ နှစ်၊ ဇနီးဖြစ်သူ နော်လာဒူး ၃၀ နှစ်နဲ့ သမီးဖြစ်သူ နော်ကဲဘလူးမူး ၂ နှစ်တို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ နေ့လယ်မှာပဲ ရွှေဝါအခြေစိုက် ခမရ ၃၀ရ တပ်ရင်းကနေ မုန်းမြို့နယ်၊ သနပ်ကွင်းကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံး၊ ညနေ ၅ နာရီကျော်မှာ ခမရ ၄၃၉ တပ်ရင်းက ကျော်လှရွာဘက်ကို လက်နက်ကြီး ၃ လုံး၊ ည ၉ နာရီကျော်မှာ နန္ဒမိတ်ကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီး အစထိမှန်လို့ ကျော်လှကျေးရွာနေ မယူရတီနိုင် ၁၄ နှစ်သေဆုံးပြီး သနပ်ကွင်းကျေးရွာကျောင်းတိုက်ဆရာတော် ဦးကောဝိတ ၇၄ နှစ်၊ သေဆုံး၊ နန္ဒမိတ်ကျေးရွာနေ ဦးတင်ထွန်း ၆၀ နှစ်၊ ဒေါ်မြင့်ဌေး ၅၈ နှစ်၊ မမာလာ ၃၅ နှစ်၊ မောင်ပြည်စုံ ၂ နှစ်တို့မှာ ဦးခေါင်း၊ ခြေလက်နဲ့ ကျောကုန်းတွေမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၄ ရက်ကလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ထိလို့ မုန်းမြို့နယ်၊ ဗမာငတိုးခင်ကျေးရွာမှာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Karen National Union

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ အာဏာသိမ်းခံရတာကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 19 Views
စက်တင်ဘာလ (၂၀)ရက်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF)မှာ တပ်ထဲပုန်ကန်တာနဲ့ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်တွေကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ YRF တပ်ဖွဲ့ထဲ
မြန်မာသတင်း

“NUG ဖျက်သိမ်းမလား လူပြောင်းကစားမလား အတွေးအခေါ်ပြောင်းမလား”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 18 Views
အထက်ပါခေါင်းစဥ်နဲ့ ဦးထွန်းအောင်ကျော် နဲ့ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တံတားနီ အရေးအခင်းမှာခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့တဲ့ ကိုအောင်သူတို့ ကိုယ့်အမြင်နဲ့ကိုယ် တော်လှန်ရေးကိုဘယ်လိုအောင်မြင်အောင်လုပ်သင့်တယ် ဘာတွေလိုနေတယ် ဆိုတာကို ဆွေးနွေးထားတာကို
မြန်မာသတင်း

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် သွားရောက်စစ်ဆေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 24 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေထဲ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်နယ်မြေထဲ နယ်မြေလုံခြံရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
မြန်မာသတင်း

ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ပျက်ဆုတ်ပြေးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 24 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူရွာဘက်ကို ထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေဘိုလေ့ကျင့်ရေး(၈)က ခွေးတပ်နဲ့ ရွှေဘို
မြန်မာသတင်း

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိထားဖို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 21 Views
စက်တင်ဘာလ (၂၀)ရက်။ မောင်တောခရိုင်က နေရာအချို့ကို ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်နဲ့ မယူတောင်လမ်းကြောင်းတွေကနေ စိမ့်ဝင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌နယ်စပ်ကနေ ခိုးဝင်လာတဲ့ အစ္စလာမ်မစ်အဖွဲ့တွေဟာ တောတောင်တွေနဲ့
မြန်မာသတင်း

လှိုင်သာယာမြို့မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို စစ်တပ်ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 19 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား (၂)ဦးဟာ
မြန်မာသတင်း

ရွှေကူမြို့ရှိ KIA စစ်သင်တန်းကျောင်း ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 24 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်မှာ ‌ရွှေကူမြို့နယ်ရှိ KIA ရဲ့ စစ်သင်တန်းကျောင်းနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ မနေ့က နံနက်အစောကြီးပိုင်းမှာ ရွှေကူမြို့နယ်ထဲ KIA တပ်ရင်း(၁၂)က စစ်သင်တန်းပေးဖို့
မြန်မာသတင်း

ရန်ကုန် အရှေ့ဒဂုံမြို့ရှိ စစ်ကော်မရှင်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 59 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်က အရှေ့ဒဂုံမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ (၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက် (၂)နာရီ (၁၉)မိနစ်လောက်မှာ (၁၂၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို