နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။


အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၈)နာရီလောက်ကစပြီး ကန့်ဘလူမြို့၊ ပင့်သာတိုက်နယ်ထဲက ချောင်းခြားရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ မနေ့က ချောင်းခြားကိုရောက်တော့ PDF တပ်ရင်းတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ သွားပစ်ခဲ့တယ်။ ခွေတွေ တိုက်မိုင်း၊ ဆွဲမိုင်းတွေထိပြီး ကျတယ်လို့လည်းသိရတယ်။ နေ့ခင်း (၁၂)နာရီကျော် ဖလားရရွာရောက်တော့လည်း တိုက်ပွဲထပ်ဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ချောင်းခြားရွာက‌နေတစ်ဆင့် ဖလားရကျေးရွာမှာ ယာယီစခန်းချခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ (၁၆)ရက် နံနက် (၅)နာရီလောက်မှာ ကျင်ဖလားရရွာကထွက်ပြီး ပင့်သာရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ကာ ပင့်သာရွာကနေ မြောက်ဖက်ကို ထွက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီနေ့ နံနက် (၆)နာရီလောက်ကစပြီး နေ့လယ် (၁၂)နာရီဝန်းကျင်အထိ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့ သိရပြီး စစ်ကြောင်းထိုးလာတာတွေကြောင့် အနီးဝန်းကျင်ရှိ ရွာ (၆)ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြေဆိုထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်း‌ရှောင်နေရတဲ့ ကျေးရွာ (၆)ရွာဟာ ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ရှမ်းကုန်း၊ ပင့်သာ၊ မကျီးကုန်း စတဲ့ကျေးရွာတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာမြို့က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်၊ ကလေး (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၆)ရက်။ ‌ဒီကနေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်အချိန်က မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 6 Views
နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ ဒီဇင်ဘာလ (၂၆)ရက်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ
မြန်မာသတင်း

စမ်းချောင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့သူ (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၆)ရက်။ စမ်းချောင်းမြို့ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်ခတ်ခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက အုပ်ချုပ်ရေးမှူး ဦးစန်းငွေဟာ အုပ်ချုပ်ရေးမှူးရုံးထဲ တယောက်ထဲရှိနေချိန် ဝင်ရောက်ပစ်ခတ်ခံရပြီး
မြန်မာသတင်း

မုံရွာမြို့မရဲစခန်းအချုပ်မှာ ဆေးရုံတက်ခွင့်မရ‌တာကြောင့် LGBT တစ်ဦးဖြစ်တဲ့ နိုင်/ကျဉ်းတစ်ဦး သေဆုံး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က မုံရွာမြို့မရဲစခန်းအချုပ်မှာ LGBT တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရပေမယ့် ဆေးရုံတက်ကုသခွင့်မရတာကြောင့် သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ သူက နိုဝင်ဘာလ
မြန်မာသတင်း

မုံရွာမြို့ပေါ် လူသတ်ဓါးပြတိုက်မှု ကျူးလွန်သူတွေကို ရှာဖွေဖမ်းဆီးသွားမယ်လို့ မြို့နယ်ပလဖထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက်အစောပိုင်း မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်ကနေ Wish အမျိုးအစား အဖြူရောင်ကားတစ်စီးကို လူသတ်ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လူသတ်ဓါးပြတိုက်မှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ နယ်မြေခံတော်လှန်ရေးတပ်တွေက လမ်းတွေပိတ်ဆို့ပြီး
မြန်မာသတင်း

ရန်ကုန် ဗဟန်းမြို့ရှိ Cosmetic ဆိုင်တဆိုင် လုယက်ခံရပြီး ဆိုင်ရှင်အမျိုးသမီးကို သတ်ဖြတ်မှုဖြစ်ပွား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ရန်ကုန်၊ ဗဟန်းမြို့၊ ဆရာစံမြောက်‌အရှေ့ရပ်ကွက်က Cosmetic စတိုးဆိုင်တဆိုင် လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။ “ နံနက်(၈)နာရီခွဲလောက် ဆရာစံမြောက်အရှေ့ရပ်ကွက်က AK Cosmetic စတိုးဆိုင်ကို
မြန်မာသတင်း

တောင်သာမြို့ ဇရပ်ကြီးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ (၂)ကြိမ်တိုက်ခိုက်၊ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 21 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က တောင်သာမြို့နယ် ဇရပ်ကြီးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူထုလှုပ်ရှားမှုကော်မတီထွက သိရပါတယ်။ “ ဇရပ်ကြီးရွာစာသင်ကျောင်းကို နေ့လယ် (၁၂)ခန့်မှာ လေကြောင်းကနေ တစ်ကြိမ်နဲ့
မြန်မာသတင်း

တောင်သာမြို့ ဇရပ်ကြီးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ (၂)ကြိမ်တိုက်ခိုက်၊ အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 16 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က တောင်သာမြို့နယ် ဇရပ်ကြီးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူထုလှုပ်ရှားမှုကော်မတီထွက သိရပါတယ်။ “ ဇရပ်ကြီးရွာစာသင်ကျောင်းကို နေ့လယ် (၁၂)ခန့်မှာ လေကြောင်းကနေ တစ်ကြိမ်နဲ့