နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

Forum 2000 ညီလာခံမှာ မြန်မာအရေး NUG ဝန်ကြီးတွေ တက်ရောက်ဆွေးနွေးခဲ့

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာပြုလုပ်တဲ့ (၂၇)ကြိမ်မြောက် Forum 2000 ညီလာခံမှာ မြန်မာအရေး NUG ဝန်ကြီးတွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


Forum 2000 ညီလာခံမှာ Myanmar Overlooked Struggle ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရေးရာ သီးသန့်ဆွေးနွေးပွဲမှာ NUG ဝန်ကြီးတွေဖြစ်တဲ့ ဒေါ်ဇင်မာအောင်နဲ့ ဦးအောင်မျိုးမင်းတို့က ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ နိုင်ငံတကာရာဇဝတ်အဆင့်ထိ ရောက်ရှိနေတဲ့အခြေအနေတွေအပြင် တော်လှန်ရေးကာလ ပြည်သူတွေ ပူးပေါင်းပါဝင်မှုတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းလက်တွဲကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရေးအတွက် ဆောင်ရွက်နေမှုနဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ရရှိနေတဲ့အထိ အောင်မြင်မှုရရှိနေတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မြန်မာအရေးက ပြည်တွင်းရေးသက်သက်မဟုတ်ဘဲ ဒေသအတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်နေရုံသာမက နိုင်ငံတကာဒီမိုကရေစီလမ်းကြောင်းနဲ့ တရားမျှတမှုကို စိန်ခေါ်တာဖြစ်တယ်လို့လည်း တင်ပြခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ စစ်အာဏာရှင်အပေါ် အရေးယူဆောင်ရွက်မှုနဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် သံတမန်ထောက်ခံမှု၊ လူသားချင်းစာနာမှုနဲ့ အခြားအားပေးထောက်ခံမှုတွေကို လုပ်ဆောင်ခြင်းအားဖြင့် ဒီမိုကရေစီကို ကာကွယ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှားမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ရောက်ရှိလာ

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 3 Views
++++++++++++++ မတ်လ (၂၉) ရက်။ မြန်မာနိုင်ငံမှာ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦး ဒီနေ့
မြန်မာသတင်း

မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်နိုင်ဟုဆို

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉) ရက်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ၁၁ လွှာရှိတဲ့ Sky Villa ကွန်ဒိုမှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ
မြန်မာသတင်း

“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး”

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 2 Views
“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး” မတ်လ ၂၈ရက်နေ့မှာြမန်မာပြည်အထက်ပိုင်းစစ်ကိုင်းတိုင်းမှာဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျှင်ကြီးနဲ့ပတ်သက်ပြီး ဦးထွန်းအောင်ကျော်ကသူ့အမြင်ကိုထုတ်ဖော်ပြောဆိုထားပါတယ်။ ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့။
မြန်မာသတင်း

ငလျင်ဒဏ်သင့် စစ်ခေါင်းဆောင်ဆီ တရုတ်သမ္မတ ဖုန်းဆက်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မြန်မာမှာ အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖုန်းဆက်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာမှာ ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကို ခံနေရကြောင်း ကြားသိရကာ ငလျင်ကြောင့်
မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် နေပြည်တော်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို သားဖြစ်သူ စိုးရိမ်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 6 Views
မတ်လ (၂၉)ရက်။ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စိုးရိမ်နေတယ်လို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံရတဲ့ ကျွန်တော့်မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေပါတယ်။
မြန်မာသတင်း

ငလျင်ဘေးသင့်ဒေသတွေအတွက် ကျပ်သန်း(၂၀၀၀) လှူဒါန်းမယ်လို့ UWSA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 4 Views
မတ်လ (၂၉)ရက်။ ငလျင်ဘေးသင့် ဒေသတွေအတွက် ငွေကျပ်သန်းပေါင်း (၂၀၀၀)တိတိ လှူဒါန်းသွားမယ်လို့ “ ဝ” တပ် UWSA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အင်အားပြင်းငလျင်ကြောင့် ကြီးမားတဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရပြီး နိုင်ငံမတည်မငြိမ်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ညွှန်ကြားထား

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ ငလျင်ဒဏ်သင့်တဲ့ နယ်မြေ‌တွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF နဲ့ ပကဖတွေကို ညွှန်ကြားထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို
မြန်မာသတင်း

ငလျင်ကြောင့် သုခဒိုင်းမွန်းစိန်တိုင်ပိုင်ရှင်အပါအဝင် မိသားစုဝင်တွေ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ရှားသွားတဲ့ဖြစ်စဉ်ထဲ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ သေဆုံးခဲတယ်လို့ သုခဒိုင်းမွန်းစိန်တိုက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မတ်လ (၂၈)ရက်နေ့က သဘာဝဘေးအန္တရာယ်ကြောင့် သုခဒိုင်းမွန်းစိန်တိုက်ရဲ့ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒေါ်မိုးသီတာရွှေနဲ့ သားသမီးတွေ