မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ မြန်မာဘီယာတင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ကားကို ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ Yaw Revolution Army – ထီးလင်းအဖွဲ့ဆီက သိရပါတယ်။
မန္တလေးဘက်ကနေ သယ်ဆောင်မောင်းနှင်လာတဲ့ အဲ့ဒီယာဉ်ကို ရေမျက်နီရွာနဲ့ ဂန့်ဂေါမြို့အကြား ပုလဲ – ဂန့်ဂေါလမ်းပိုင်းမှာ ရှောင်တခင်စစ်ဆေးချိန် မြန်မာဘီယာဖာ ၃၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ထုတ်ကုန်တွေကို ဖမ်းဆီးပြီးနောက် ဖျက်ဆီးခဲ့ကာ ယာဉ်မောင်းနဲ့ ကုန်ပစ္စည်းပိုင်ရှင်တို့ကို အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ရန်ကုန်၊မန္တလေးစတဲ့မြို့ကြီးတွေမှာ မြန်မာဘီယာ၊ Ruby ဆေးလိပ် အပါအဝင် စစ်တပ်ထုတ်ကုန်တွေ ပြန်လည်ရောင်းချဖို့ ဖိအားပေးနေပြီး ရောင်းချခြင်းမရှိတဲ့ စျေးဆိုင်တွေကို အရေးယူမယ်လို့စာထုတ်ပြန်ထားပါတယ်။