၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်၊ ခေတ်မျတ်လုံး။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သမ္မတရုံး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာသစ် ဖွင့်လှစ်တာကို NUG က ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
သမ္မတရုံး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာသစ် ဖွင့်လှစ်တာဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပါအဝင် အများပြည်သူနဲ့ ထိတွေ့ဆက်စပ်မှု ပိုမိုလျင်မြန် ချော့မွေ့စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် သမ္မတရုံးရဲ့ လုပ်ဆောင်ချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့ရည်ရွယ်ပြီး အခုလို သမ္မတရုံး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာသစ် ဖွင့်လှစ်တာဖြစ်တယ်လို့ NUG က ပြောဆိုထားပါတယ်။
နွေဦးတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ၊ NUG ယာယီသမ္မတနဲ့ သမ္မတရုံးတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး သိရှိနိုင်စေဖို့သမ္မတရုံးပေ့ချ်ကို Like and Share လုပ်ထားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
မြန်မာစာကျွမ်းကျင်သူတစ်ဦးကတော့ သမ္မတရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စာလုံးပေါင်းသတ်ပုံ မှားနေလို့ သမ္မတရုံးအနေနဲ့ ဒီလိုမဖြစ်သင့်ဘူးလို့ ဆိုပါတယ်။