နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

Civil War

Civil War

ကြာအင်းဆိပ်ကြီးကို သိမ်းနိုင်ရန် KNLA နဲ့ ပူးပေါင်းတပ်တို့ စစ်ကောင်စီကို တိုက်ခိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တဝိုက်တွင် ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ မနက် အစော (၂) နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

ဒီနေ့ မနက်အစောပိုင်း ၂ နာရီမှာ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ရဲစခန်း၊ ကွီးလက်တဲ၊ ကနဲလေး စတဲ့ စစ်ကောင်စီ တပ်စခန်းများ အပါအဝင် မြို့နယ်တဝိုက်ရှိ စစ်ကောင်စီအထိုင်ချ တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ရော မြေပြင်ကရော ဝင်ရောက်တိုက်ခိုက်ကြတယ်လို့ သိရပါတယ်။ KNLA နဲ့ ပူးပေါင်းတပ်ဘက်က အင်အားများတယ်လို့ သိရှိရပါတယ်။

ဒေသခံများရဲ့အဆိုအရ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ကတုတ်ကျင်းထဲမှာ နေနေရပြီး အခုသတင်းရေးတဲ့အချိန်ထိ လက်နက်ကြီးပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ကြို့ကြား ကြို့ကြား ကြားနေရတယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

လက်ရှိမှာလည်း ကြာအင်းဆိပ်ကြီး မြို့နယ်အနှံ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စုံစမ်းပြီး တင်ပြပေးသွားပါမယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Civil War ကရင်ပြည်နယ်

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေကို ဖျက်ဆီးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 574 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်။ မုန်းမြို့နယ်၊ နတ်သံကွင်းမြို့ကို ပဲနွယ်ကုန်းမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကား(၂)စီးနဲ့ သံချပ်ကာကား(၁)စီးကို
Burma Civil War စစ်ရေးသတင်း

ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ခြေရင်းစခန်းတစ်ခုကို KNLA, BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 676 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့
1027 Operations Civil War စစ်ရေးသတင်း

(၅) ရက်အတွင်း ထီးချိုင့်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၀၀)ကျော်အထိသေဆုံးခဲ့တယ်လို့ ထီးချိုင့် PDF ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 486 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅)ရက်အတွင်း အပြစ်မဲ့ပြည်သူ (၁၀၀) ကျော်အထိ သေဆုံးခဲ့တယ်လို့ ထီးချိုင့်-PDF ရဲ့ မနေ့က မြို့ပေါ်သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “
Civil War စစ်ရေးသတင်း

ယောကာကွယ်ရေးတပ် အပတ်စဉ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 610 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။ မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် -YDF က ပြုလုပ်သည့် အပတ်စဥ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။
1027 Operations Burma Civil War

ညီနောင် (၃) ဖွဲ့ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 566 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တရားဝင်သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ညီနောင် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာဖြစ်တယ်လို့ ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေး သတင်းထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 666 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ထီးချိုင့်မြို့ပေါ်အား တိုက်လေယာဉ်နဲ့
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်ခတ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 781 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ နိုဝင်ဘာလ (၉)ရက် ညပိုင်းနဲ့ ဒီကနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

မွန်ပြည်နယ် ဘုရားသုံးဆူအောက်မှာရှိတဲ့ ချောင်းနှစ်ခွရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 688 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ဒီနေ့မနက်အစောပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာကို သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ လေကြောင်းကနေ (၇) နှစ်ကြိမ်