၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့၊ ခေတ်မျက်လုံး။
ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာလ (၄) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲကို နိုဝင်ဘာလ (၃) ရက်နေ့၊ မနက်(၅:၅၀) နာရီခန့်မှ မနက်(၁၀) နာရီခန့်အထိ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်၊မင်းရွာရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ဂန့်ဂေါခရိုင်အမှတ် (၁/၇/၁၁/၁၂/၁၄/၁၉) တပ်ရင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ နယ်မြေခံ ပကဖတို့ပူးပေါင်းပြီး စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၆) ဦး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး (၄) ဦး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က G-3 သေနတ်(၁၁) လက်၊ G-4 သေနတ်(၁)လက်၊ MA-1 သေနတ်(၁) လက်၊ MA- 3 သေနတ်(၁)လက်၊ MA-4 သေနတ်(၁)လက်၊ 40မမ (၁)လက်၊ 60မမ (၁)လက်၊ ခြောက်လုံးပြူး သေနတ် (၂)လက်၊ G3 ကျည် (၃၇၇၀) တောင့်၊ MA ကျည် (၂၀၃၀)တောင့် ၊ (၆၀)မမ ဗုံးသီး (၃၂)လုံး၊ နင်းမိုင်းကြီး (၁၀) လုံး၊ နင်းမိုင်းသေး(၁၀) လုံး၊ လက်ပစ်မိုင်း (၆)လုံး၊ တိုက်မိုင်း (၁၀) လုံး၊ G3 ကျည်ဘောက် (၂၂)၊ MA2 ကျည်ဘောက်(၁) ခု၊ (၄၀မမ)ဗုံးသီး (၁၉) လုံး၊ MA ကျည်ဘောက်(၁၁)ခု၊ Bluetooth Box (၁) လုံး၊ ဟန်းကော (၁၁)လုံး၊ သံခမောက် (၁၂)လုံး ပွိုင့်ဖိနပ် (၃) ရံ အပါအဝင် အခြားပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီစခန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
![](https://eraseye.com/wp-content/uploads/2023/11/398208485_379273267762737_7459338767088887304_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/11/397365329_379273314429399_5387656667250148973_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/11/398200664_379273297762734_8676319546072118763_n-1024x472.jpg)
![](https://eraseye.com/wp-content/uploads/2023/11/398795932_379273324429398_5823463694983611266_n-1024x472.jpg)
![](https://eraseye.com/wp-content/uploads/2023/11/398731734_379273337762730_3312503776489141415_n-1024x472.jpg)
![](https://eraseye.com/wp-content/uploads/2023/11/399308350_379273271096070_3734516055720366774_n-1024x472.jpg)
![](https://eraseye.com/wp-content/uploads/2023/11/signal-2023-11-04-233002_002-1-652x1024.jpeg)
ဓာတ်ပုံ။
ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။