Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကလေးမြို့တောင်ပိုင်း မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှာ VAKOK-CNDF နှင့် RKDF ရဲဘော်သုံးဦး ကျဆုံး

၂၀၂၃ ခုနှစ်၊ နို၀င်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။

၂၀၂၃ ခုနှစ်၊ နို၀င်ဘာလ (၃) ရက်နေ့ မနက် (၆) နာရီ၀န်းကျင်လောက်မှစတင်ကာ ကလေးမြို့တောင်ပိုင်း မြောက်စည်းရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး နို၀င်ဘာလ (၄) ရက်နေ့ မနက်ပိုင်းမှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ CNDF က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် (VAKKOK-CNDF) က ရဲဘော် (၂) ဦးနဲ့ Ranger Defence Force (RKDF) က ရဲဘော် (၁) ဦး စုစုပေါင်း (၃) ဦး ကျဆုံးခဲ့တယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။

VAKOK-CNDF က ရဲဘော်ဟာ အသက် (၁၉) နှစ်အရွယ် Salai Thawng Tha Cung ခေါ် Cung Te နဲ့ RKDF က ရဲဘော် မင်းခန့်နိုင် (အသက် ၂၁ နှစ်) နဲ့ ရဲဘော် ဇင်မောင်ဦး ခေါ် ညိုလုံး (အသက် ၁၉နှစ်) တို့ နှစ်ဦးဖြစ်တယ်လို့ VAKKOK-CNDF နဲ့ RKDF အဖွဲ့အသီးသီးက ထုတ်ပြန်ထားပါတယ်။ RKDF ဘက်မှာ စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာသူတချို့လည်း ရှိနေတယ်လို့ သိရပြီး လက်ရှိအချိန်မှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

VAKOK-CNDF က ကျဆုံးသွားတဲ့ အသက် (၁၉) နှစ်အရွယ် Salai Thawng Tha Cung ခေါ် Cung Te

RKDF က ကျဆုံး ရဲဘော် မင်းခန့်နိုင် (အသက် ၂၁ နှစ်)၊ ရဲဘော် ဇင်မောင်ဦး ခေါ် ညိုလုံး (အသက် ၁၉နှစ်) ထိခိုက်ဒဏ်ရာရ ရဲဘော်များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 21 Views
ဇူလိုင်လ (၄)ရက်။ နောင်ချိုမြို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တောင်သာမှာ အရက်ထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 22 Views
ဇူလိုင်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 24 Views
ဇူလိုင်လ (၄)ရက်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့
မြန်မာသတင်း

နိုင်ငံငြိမ်းချမ်းရေး အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 24 Views
ဇူလိုင်လ (၄)ရက်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အမျိုးသမီးထုကြီးတရပ်လုံးက ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ‌နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတရပ်လုံးက
မြန်မာသတင်း

စစ်မှုထမ်းသင်တန်းကို ပုံမှန်ဖွင့်လှစ်ဖို့ဆိုပြီး စစ်ကောင်စီညွှန်ကြား၊ တိုင်ကြားတာတွေရှိရင် အရေးယူမယ်လို့ဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 24 Views
ဇူလိုင်လ (၄)ရက်။ စစ်မှုထမ်းသင်တန်းကို ပုံမှန်ဖွင့်လှစ်ဖို့ဆိုပြီး စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်မှုထမ်းသင်တန်းတွေကို ပုံမှန်ဖွင့်လှစ်နိုင်ရင် နိုင်ငံကာကွယ်ရေးအတွက်၊ နိုင်ငံနဲ့ပတ်သက်တဲ့ ကာကွယ်ရေးစွမ်းအားတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ပိုမိုကောင်းမွန်လာမှာဖြစ်တယ်”
မြန်မာသတင်း

ဖားဆောင်းမြိုတိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 33 Views
ဇူလိုင်လ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖားဆောင်းမြိုတိုက်ပွဲကို ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ် (၄)စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲတွေက
မြန်မာသတင်း

ထိုင်းရောက်မြန်မာတွေ ထိုင်းနိုင်ငံအရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 30 Views
ဇူလိုင်လ (၃)ရက်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ‌အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ စုဝေးဆန္ဒပြတဲ့ နေရာတွေကို ရှောင်ရှားကြဖို
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 20 Views
မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို ဇူလိုင်လ (၃)ရက်။ ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး