နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 2 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စစ်ပွဲပြီးဆုံးလျှင် ဂါဇာ၏ အလုံးစုံလုံခြုံရေးအတွက် “အချိန်ကာလအကန့်အသတ်မရှိ” အစ္စရေးက တာဝန်ယူရလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

၂၀၂၃ ခု နှစ်၊ နိုဝင်ဘာလ (၈) ရက်၊ အစ္စရေး။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးအတွက် “စစ်ပွဲပြီးရင် အစ္စရေးနိုင်ငံဟာ အချိန်ကာလ အကန့်အသတ်မရှိ အလုံးစုံ လုံခြုံရေးအတွက်” အစ္စရေးက တာဝန်ယူရမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက (၆) ရက်နေ့က ABC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်အုပ်ချုပ်တဲ့ပုံစံအတိုင်း မလိုလားတဲ့သူတွေက အုပ်ချုပ်သင့်တယ်လို့ ပြောပါတယ်။ “အစ္စရေးဟာ လုံခြုံရေးကို အကန့်အသတ်မရှိ တာဝန်ယူရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မပါဝင်တဲ့အခါ ဘာဖြစ်သွားလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ်မှ ဖမ်းဆီးထားသော ဓားစာခံများအားလုံး မလွတ်မြောက်မချင်း အထွေထွေအပစ်အခတ်ရပ်စဲရေးကို လက်မခံကြောင်း အစ္စရေးက ထပ်လောင်းပြောကြားခဲ့ပေမဲ့ တိုက်ပွဲများ ရေတိုရပ်ဆိုင်းရန် စဉ်းစားထားကြောင်း ပြောဆိုခဲ့ပါတယ်။

“နည်းဗျူဟာပိုင်းအရ တစ်နာရီလောက် စစ်ပွဲရပ်တန့်မယ်ဆိုရရင် အရင်ကလည်း လုပ်ဖူးတယ်လို့ ထင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ ပေးဝေဖို့နဲ့ ဓားစာခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ဖို့ အခြေအနေတွေကို အတည်ပြုမယ်။ ဒါပေမယ့် အထွေထွေအပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်လာမယ် မထင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

နေတန်ယာဟုက ဒီပဋိပက္ခမှာ အီရန်နဲ့ လက်ဘနွန် ဟဇ်ဘိုလာအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ကိုးကားပြီး ဒီပဋိပက္ခမှာ ပါဝင်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေးခဲ့ပါတယ်။

“ တကယ်လို့ သူတို့ စစ်ပွဲထဲ ဝင်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တန်ပြန်မှုတွေက အရမ်းပြင်းထန်လာလိမ့်မယ်။ အဲဒါကို နားလည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ အမှားမလုပ်မိဖို့ မျှော်လင့်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

Photo: Spencer Platt/Getty Images/FILE

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သို့ တင်သွင်းမည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ တိုးမြင့်ကောက်မည်ဟု ထရန့်ကြေညာ

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 8 Views
မေလ (၃၁) ရက်။ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ နှစ်ဆ တိုးမြင့်ကောက်ယူမည်ဖြစ်ကြောင်း သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် အစိုးရဌာနနှင့် လမ်းခွဲပြီးနောက် မျက်လုံးတစ်ဝိုက်မှာ ညိုမဲပြီး ထရန့်နဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေလိုတယ်ဟုဆို

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 4 Views
မေလ (၃၁) ရက်။ ဒေါ်နယ်ထရန့်အစိုးရဌာန DOGE မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သော အသက် ၅၃ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင်
North Korea နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

တပ်ဖွဲ့ဝင် ၁၄,၀၀၀၊ ပဲ့ထိန်းဒုံးကျည် ၁၀၀ နှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို- မြောက်ကိုရီးယားက ရုရှားထံ ပေးပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 6 Views
မေလ (၃၀) ရက်။ မြောက်ကိုရီးယားသည် ဒုံးကျည်များနှင့် ဒုံးပျံများ အပါအဝင် စစ်သားများနှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို ရုရှားသို့ ပေးပို့ခဲ့ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာသစ်အရ သိရသည်။ လွန်ခဲ့သည့်နှစ်အတွင်း ပြုံယမ်းက မော်စကို၏ သုံးနှစ်ကြာစစ်ပွဲအတွင်း
နိုင်ငံတကာသတင်း အမေရိကန်

Wall Street က ထရန့်အား “ ကြောက်ပြီးနောက်ပြန်ဆုတ်တဲ့သူ TACO” လို့ ခေါ်ဆို

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 12 Views
++++++++++++++++++++ “ TACO” အကြောင်း မေးမြန်းတဲ့ သတင်းထောက်ကို ထရန့်က “ စက်ဆုတ်ဖွယ်ကောင်းတဲ့မေးခွန်း” ဟု ပြောလိုက်သည်။ သမ္မတ ထရန့်၏အခွန်စည်းကြပ်မှု အကြိမ်ကြိမ် ခြိမ်းခြောက်မှုကြောင့် မကြာသေးမီလများအတွင်း Wall Street သည် သမိုင်းဝင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးသည် ဂျာမနီမှ တာဝေးပစ်လက်နက်များ အကူအညီ ရရှိမည်ဖြစ်သော်လည်း တောရပ်စ် (Taurus) ဒုံးကျည်များ မပါ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 11 Views
မေလ (၂၈) ရက်။ ယူကရိန်းသမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံတွင် လက်နက်တိုက်တည်ဆောက်မှုနှင့် လက်နက်ထုတ်လုပ်နိုင်မှုတို့ကို ကြိုးပမ်းနေစဉ်အတွင်း ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅.၇ ဘီလျံ) တန် လက်နက် အစုအပုံရရှိခဲ့ခြင်းဖြင့် ဘာလင်မှ ထွက်ခွာမည်ဖြစ်သည်။ ရုရှားနိုင်ငံတွင်းရှိဝေးကွာသော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်သည်ဟု အစ္စရေးပြော

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 16 Views
မေလ (၂၉) ရက်။ အမေရိကန်သံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ထံမှ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်ပြီဟု အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်တွင် အသက်ရှင်ကျန်ရစ်သော
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရန့်အစိုးရသည် ဘေဂျင်းနှင့် ကြီးမားသော တင်းမာမှုများအတွင်း တရုတ်ကျောင်းသားဗီဇာများကို ရန်လိုမှုများဖြင့် ရုပ်သိမ်းပစ်မည်ဖြစ်သည်။

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 13 Views
* ရှီကျင့်ဖျင့်၏သမီးဖြစ်သူ ဇီမင်းဇီ (Xi Mingze) လည်း အမည်တမျိုးဖြင့် ဟားဗတ်တွင် ပညာသင်ကြားလျက်ရှိသည်။ * မေလ (၂၉) ရက်။ အမေရိကန်ပြည်ထောင်စုသည် တရုတ်ကျောင်းသားများအတွက် ပြည်ဝင်ခွင့်ဗီဇာများကို ရန်လိုစွာဖြင့် ရုပ်သိမ်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

စစ်သင်္ဘော ရေချမှု မအောင်မြင်ခဲ့မှုကြောင့် တာဝန်ရှိသူ လေးဦးကို မြောက်ကိုရီးယား ဖမ်းဆီး

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 19 Views
မေလ (၂၆) ရက်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ နောက်ဆုံးပေါ် စစ်သင်္ဘောတစ်စင်းသည် ဘေးတစောင်း လဲလျောင်းနေပြီး တစ်စိတ်တစ်ပိုင်း နစ်မြုပ်သွားခဲ့သော မတော်တဆမှုအတွက် သင်္ဘောကျင်းတစ်ခုတွင် တာဝန်ရှိသည်ဟု ဆိုကာ လူလေးဦးကို မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။