၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။
မကြာမီအချိန်အတွင်းမှာ စစ်ရေးအရှိန်မြင့်လာပြီး မြို့ပြကို အချိန်မရွေးရောက်လာနိုင်တာကြောင့် ရန်ကုန်တိုင်းအတွင်း နေထိုင်သူတွေကို မြို့ပြပျောက်ကြားအဖွဲ့တွေက မနေ့က သတိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
“ မိမိလုံခြုံရေးကို ထောက်ချင့်ပြီး အကြမ်းဖက်စကစနဲ့ပတ်သက်တဲ့ နေရာတွေဖြစ်တဲ့ ခွေးစခန်း(စစ်ခွေး၊ ရဲခွေး)၊ ဘန်ကာတွေ တပ်စွဲထားတဲ့ နေရာတွေ၊ မီတာရုံးတွေ၊ ဒလန်တွေ နေထိုင်သွားလာတဲ့ နေရာတွေ၊ ထွေအုပ်နဲ့ ရပ်ကွက်ရုံးတွေ၊ စကစနဲ့ပတ်သက်တဲ့ ရုံးတွေနဲ့ ရှောင်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ အထူး အထူး သတိပေးအပ်ပါတယ်” လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အပျော်ခရီးသွားတာ၊ ညဉ့်နက်ချိန်ထိ ဆိုင်ထိုင်တာ၊ လမ်းဘေးထိုင်ပြီး အရက်ဘီယာသောက်တာ၊ ညမှောင်ချိန်/မီးပျက်ချိန် သောက်စားပြီး ပြန်လာပါက အချိန်မရွေး ပေါ်တာဆွဲတာနဲ့ ပျူစောထီးအမည်ခံ စစ်ခွေးတွေ မွေးမြူထားတဲ့ တိုက်ခွေးတွေ ကိုက်တာတွေ ကြုံနိုင်တာကြောင့် အသွားအလာသတိပြုဖို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာ ရှမ်း၊ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ ရက္ခိုင်၊ တနင်္သာရီ၊ မွန် စတဲ့ တိုင်းရင်းသားဒေသတွေနဲ့ စစ်ကိုင်း၊ မကွေး အစရှိတဲ့ မြန်မာပြည်အလယ်ပိုင်း အညာဒေသတွေမှာ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွေ အရှိန်တိုးမြှင့်နေတယ်လို့ ရေးသားထားပါတယ်။
ရန်ကုန်တိုင်းအတွင်း နေထိုင်သူတွေအနေနဲ့ အိမ်ထဲမှာ Medical Kit တွေနဲ့ အရေးပေါ်အိတ်တွေ ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ တတ်နိုင်သလောက် သောက်နေကြဆေးတွေနဲ့ ရိက္ခာတွေ စုဆောင်းထားကြဖို့ တိုက်တွန်းအသိပေးထားချက်အရ သိရပါတယ်။