နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ကချင်ပြည်နယ်ကို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။

ကချင်– စစ်ကိုင်းအစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့အပြင် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်က အခိုင်အမာတပ်စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်လိုက်ရတဲ့စစ်ကောင်စီဟာ ကချင်ပြည်နယ်ကို ဖုန်းအင်တာနက်ဖြတ်တောက်ထားတာ တစ်ပတ်လောက်ရှိပြီလို့ ဒေသတွင်း သတင်းမီဒီယာတွေဆီက သိရပါတယ်။

အောက်တိုဘာလ (၃၁) ရက်နေ့ မနက် (၆) နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ကန်တော်ယန်ရွာ စစ်ကောင်စီစခန်းကို တိုက်ပွဲဖြစ်ပြီး (၃) နာရီအကြာ မနက် (၉) နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA က အတည်ပြုပြောဆိုထားပါတယ်။

ကန်တော်ယန်စခန်းဟာ ကတုတ်ကျင်း၊ ဘန်ကာတွေနဲ့ နှစ်ပေါင်းမြောက်များစွာ အခိုင်အမာ အထိုင်ချထားတဲ့ စခန်းဖြစ်တာကြောင့် စခန်းသိမ်းတိုက်ပွဲကို နာရီပိုင်းအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့သတင်းဟာ ဒေသခံပြည်သူတွေအကြား မယုံကြည်စရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကန်တော်ယန် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်လက်နက်ရိက္ခာပစ္စည်းအများအပြား သိမ်းဆည်းရမိပြီး တိုက်ပွဲမှာစစ်တပ်ဘက်က အရာရှိ တပ်သား အများအပြားလည်း သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓါတ်ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့အတွက် စခန်းတွင်းပြင်ဆင်မှုအားနည်းပြီး အလစ်ငိုက် တိုက်ခိုက်ခံလိုက်ရပြီး အချိန်တိုအတွင်းမှာပဲ စခန်းကျသွားခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သိရပါတယ်။

အဲဒီနောက်မှာတော့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း လေကြောင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အပြင် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခရာဘွမ်၊ ဘွမ်ရေဘွမ်ကနေ နေ့ည လက်နက်ကြီး ပစ်ခတ်တာအပြင်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ကနေလည်း နမ်ဆန်ယန်၊ အောင်ဂျာဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ နမ်ဆန်ယန်၊ အောင်ဂျာဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတဲ့ ရွှေညောင်ပင်ရွာနားက ခမရ ၃၂၁ စခန်းကို KIA-PDF တွေ ဒရုန်းနဲ့ ၁၀ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

အဲဒီနေ့ကတည်းကနေ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်းအင်တာနက်လိုင်း ပြတ်တောက်သွားတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အရင်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် ဇွန်လမှာလည်း ရခိုင်ပြည်နယ်ကိုလည်း အင်တာနက်ဖြတ်တောက်မူများ ပြုလုပ်ခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (AA) ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ စစ်ဆင်ရေးပြုလုပ်မယ့်နယ်မြေတွေမှာ အင်တာနက်ကို ကြိုပြီး ဖြတ်တောက်လေ့ရှိပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေကလည်း စစ်တပ်ကအခုလို အင်တာနက်ဖြတ်တောက်လိုက်တာဟာ ကချင်ပြည်နယ်တွင်း တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရှုမြင်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 23 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့်
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 39 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 35 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်လုံခြုံရေးကင်းစခန်း စီးနင်းရှင်းလင်းခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 28 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအချိန်က နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခန်းမှာ စစ်တပ်က (၂)နှစ်လောက် တပ်စွဲထားတာ။ စခန်းကို
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 25 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ (၄)ရက်လောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့ဧရိယာအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ။ အသေးစိတ်ကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကို နှုတ်ထွက်ခွင့်ပေးတယ်ဆိုပြီး စစ်ကော်မရှင် ပုံဖော်ဝါဒဖြန့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 26 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က စစ်ကော်မရှင်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သားအချို့ကို စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးတဲ့အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းပြီးကြောင်း လက်မှတ်ပေးအပ်တာဟာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေထဲက စစ်မှုထမ်းကာလ (၃)ပုံ (၁)ပုံ လျှော့ပေါ့ခွင့်ရရှိတဲ့
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 39 Views
နိုဝင်ဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ပေါင်း (၂၅၀)အထိ ကျူးလွန်ခဲ့ပြီး ‌ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 47 Views
ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ နိုဝင်ဘာလ (၁၃)ရက်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းဘက်မှာ ကြံ့ဖွတ်ပါတီက မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ