၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။
ကယားပြည်နယ်အတွင်းရှိ KNPP+ PDF ဆီကို ပိုဆောင်မယ့် လက်နက်ခဲယမ်းအများအပြားနဲ့ လူ (၇) ဦး ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲက ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းပေးပို့မှုအရ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လက်နက်၊ ခဲယမ်းများ သယ်ယူပို့ဆောင်ပေးနေတဲ့ ပင်လုံမြို၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာမှာရှိတဲ့ New Power စက်သုံးဆီဆိုင်ပိုင်ရှင် ဦးခွန်သောင်းထွန်းဆိုသူကို နိုဝင်ဘာလ ၁၆ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဦးခွန်သောင်းထွန်းရဲ့ ထွက်ဆိုချက်အရ ပင်လုံမြို၊ ပန်မုန့်ကျေးရွာမှာနေထိုင်တဲ့ ကိုပေတူး (ခ) မာရီယာနိုရဲ့ နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အအုံထဲမှာ ကိုခွန်အောင်မင်း၊ ကိုခွန်နေမျိုး၊ ကိုကျော်ဇင်ထွန်း၊ ကိုခွန်အောင်ကျော်မြင့်နှင့် ကိုခွန်အောင်ကျော်တိုကို လက်နက်တွေနဲ့အတူ ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ကောင်စီက ဓာတ်ပုံများနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။