၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။
ကာလုံအစည်းအဝေးနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့နဲ့အတူ မနေ့က နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းမှာ နေပြည်တော်၊ တပ်မတော်ဆေးရုံကုတင် (၁၀၀၀) မှာရှိတဲ့ အရိုးရောဂါနဲ့ ထိခိုက်ဒဏ်ရာကုသမှုဌာနမှာ တက်ရောက်ကုသနေတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အရာရှိ၊ စစ်သည်တွေကို သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဆေးရုံတက်ရောက်ကုသမှုခံယူနေတဲ့ အရာရှိ၊ စစ်သည်တွေကို ဂုဏ်ပြုချီးမြှင့်ငွေနဲ့ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာသတင်းစာမျက်နှာတွေမှာတော့ ၁၀၂၇ စစ်ဆေးရေးစတင်ပြီးအောက်မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်လာတဲ့ မြန်မာစစ်တပ်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ စခန်းတွေ လက်လွှတ်နေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လက်နက်ချအရှုံးပေးတာတွေ ပိုများလာတဲ့ အခြေအနေတရပ်ကို ရောက်ရှိလာနေတယ်လို့ ဖော်ပြနေကြပါတယ်။
အဲ့ဒီအပြင် စစ်ကောင်စီရဲ့ ယာယီသမတကလည်း စစ်တပ်က မထိမ်းနိုင်ရင် နိုင်ငံပြိုကွဲတော့မယ်လို့ တိုင်းပြည်ကို သတိပေးတဲ့အပေါ်မှာလည်း သတင်းတွေအနေနဲ့ ဖော်ပြခဲ့တယ်။ ဒီအခြေအနေကနေ မြန်မာနိုင်ငံဟာ အပြောင်းအလဲတခု ဖြစ်လာမလားဆိုတာကို စောင့်ကြည့်နေကြသလို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဘယ်လောက်ထိ ယုံကြည်မှု တည်ဆောက်နိုင်မလဲဆိုတာကိုလည်း စောင့်ကြည့်နေကြတယ်လို့ ဂျပန်နိုင်ငံ ANA သတင်းဌာနမှာ မြန်မာနိုင်ငံရေး အထူးကျွမ်းကျင်သူ ဒေါက်တာ နေမိုတိုကလည်း သုံးသပ်တင်ပြသွားခဲ့ပါတယ်။
ဓာတ်ပုံ။
စစ်ကောင်စီ