နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမက်စ်တွေနဲ့ သဘောတူညီချက်ရယူဖို့ အစ္စရေးစစ်ဘက်ဆိုင်ရာဝန်ကြီးများ တွေ့ဆုံဆွေးနွေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ဟားမက်စ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ကို ဆွေးနွေးဖို့ အစ္စရေးစစ်ဘက်ရေးရာဝန်ကြီးအဖွဲ့ဟာ နိုဝင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးပြုလုပ်ကြမှာ ဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့ဖော်ပြချက်အရ အစ္စရေးစစ်ဘက်ရေးရာဝန်ကြီးများအဖွဲ့မှာ အဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး ဝန်ကြီးချုပ်နေသန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယော့ဂယ်လန့်၊ မဟာဗျူဟာရေးရာဝန်ကြီး ရွန်ဒါမာ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်၊ IDF အကြီးအကဲဟောင်း ဂါဒီအီဆန်ကော့တို့ ပါဝင်ကြပါတယ်။

စစ်ဘက်ရေးရာဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးမှာတော့ အဲဒီဝန်ကြီးတွေဟာ နောက်တစ်ဆင့်မြင့်တဲ့ အစ္စရေးအမျိုးသားလုံခြုံရေးအဖွဲ့ဝန်ကြီးတွေနဲ့ ထပ်မံဆွေးနွေးပြီး သဘောတူညီချက်ရယူကာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှာတော့ အစိုးရဝန်ကြီးအစုံအလင် ထပ်မံတွေ့ဆုံပြီးသဘောတူညီချက်ကို အတည်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အစ္စရေးဟာ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓားစာခံအမျိုးသမီးနဲ့ ကလေး အယောက် ၅၀ ကို ပြန်လွှတ်ပေးရေး၊ ၄ ရက်မှ ၅ ရက်အပစ်အခတ် ခေတ္တရပ်ဆဲရေး၊ ပါလက်စတိုင်းအကျဉ်းသား ၃ ဦးပြန်လွှတ်ပေးရေးစတဲ့အချက်တွေကိုအတွက် ဟားမက်စ်တွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တို့ရဲ့ ဆွေးနွေးမယ့်အစီအစဉ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း အတည်ပြုပြောဆိုခဲ့ပြီး ဆွေးနွေးမှုဟာ အတော်လေးနီးစပ်နေပြီလို့ဆိုပါတယ်။ သမ္မတဂျိုးဘိုင်ဒန်က ဓားစာခံတွေလွတ်မြောက်ဖို့ နီးစပ်နေပြီဆိုပေမယ့် မလွတ်သေးသရွေ့ လွတ်မြောက်ပြီလို့ မပြောနိုင်သေးကြောင်းကိုလည်း သတိပေးသွားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တွေကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာဖြစ်ပေမယ့်လည်း ဂါဇာမြောက်ပိုင်းမှာ ပေါက်ကွဲမှုတွေ ရှိနေဆဲဖြစ်သလို စစ်ရေးဆောင်ရွက်ချက်တွေကလည်း အင်္ဂါနေ့ကအထိ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 10 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 11 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 41 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN