နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမက်စ်တွေနဲ့ သဘောတူညီချက်ရယူဖို့ အစ္စရေးစစ်ဘက်ဆိုင်ရာဝန်ကြီးများ တွေ့ဆုံဆွေးနွေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ဟားမက်စ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ကို ဆွေးနွေးဖို့ အစ္စရေးစစ်ဘက်ရေးရာဝန်ကြီးအဖွဲ့ဟာ နိုဝင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးပြုလုပ်ကြမှာ ဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့ဖော်ပြချက်အရ အစ္စရေးစစ်ဘက်ရေးရာဝန်ကြီးများအဖွဲ့မှာ အဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး ဝန်ကြီးချုပ်နေသန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယော့ဂယ်လန့်၊ မဟာဗျူဟာရေးရာဝန်ကြီး ရွန်ဒါမာ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ်၊ IDF အကြီးအကဲဟောင်း ဂါဒီအီဆန်ကော့တို့ ပါဝင်ကြပါတယ်။

စစ်ဘက်ရေးရာဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးမှာတော့ အဲဒီဝန်ကြီးတွေဟာ နောက်တစ်ဆင့်မြင့်တဲ့ အစ္စရေးအမျိုးသားလုံခြုံရေးအဖွဲ့ဝန်ကြီးတွေနဲ့ ထပ်မံဆွေးနွေးပြီး သဘောတူညီချက်ရယူကာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီမှာတော့ အစိုးရဝန်ကြီးအစုံအလင် ထပ်မံတွေ့ဆုံပြီးသဘောတူညီချက်ကို အတည်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အစ္စရေးဟာ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓားစာခံအမျိုးသမီးနဲ့ ကလေး အယောက် ၅၀ ကို ပြန်လွှတ်ပေးရေး၊ ၄ ရက်မှ ၅ ရက်အပစ်အခတ် ခေတ္တရပ်ဆဲရေး၊ ပါလက်စတိုင်းအကျဉ်းသား ၃ ဦးပြန်လွှတ်ပေးရေးစတဲ့အချက်တွေကိုအတွက် ဟားမက်စ်တွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တို့ရဲ့ ဆွေးနွေးမယ့်အစီအစဉ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း အတည်ပြုပြောဆိုခဲ့ပြီး ဆွေးနွေးမှုဟာ အတော်လေးနီးစပ်နေပြီလို့ဆိုပါတယ်။ သမ္မတဂျိုးဘိုင်ဒန်က ဓားစာခံတွေလွတ်မြောက်ဖို့ နီးစပ်နေပြီဆိုပေမယ့် မလွတ်သေးသရွေ့ လွတ်မြောက်ပြီလို့ မပြောနိုင်သေးကြောင်းကိုလည်း သတိပေးသွားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တွေကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာဖြစ်ပေမယ့်လည်း ဂါဇာမြောက်ပိုင်းမှာ ပေါက်ကွဲမှုတွေ ရှိနေဆဲဖြစ်သလို စစ်ရေးဆောင်ရွက်ချက်တွေကလည်း အင်္ဂါနေ့ကအထိ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တူရကီ နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

တူရကီနိုင်ငံက နေတင်ယာဟုနှင့် အခြားအစ္စရေးအရာရှိများကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြင့် ဖမ်းဝရမ်းထုတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် တူရကီနိုင်ငံသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတင်ယာဟု (Benjamin Netanyahu) နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားတပ်ဖွဲ့ဝင်များသည် သင်္ကေတအရအရေးပါပြီး ကြီးမားသော အဖိုးအခပေးနေရသည့် ပိုခရော့ဗ်စခ်(Pokrovsk) မြို့ကို နောက်ဆုံး၌ သိမ်းပိုက်ရန် အသင့်အနေအထားရှိနေပြီ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 34 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၉)ရက် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ပိုခရော့ဗ်စခ် (Pokrovsk) မြို့ကို နောက်ဆုံး၌ သိမ်းပိုက်ရတော့မည့် အခြေအနေသို့ ရောက်ရှိနေပုံရပြီး၊ ၎င်းသည်
ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ရက်စက်ရိုင်းစိုင်းစွာရိုက်နှက်မှုများနှင့် သေဆုံးနေသောသစ်ပင်များ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 48 Views
အနောက်ဘက်ကမ်းခြေ (West Bank) တွင် အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုသည် ပါလက်စတိုင်းတို့၏ သံလွင်သီးဆွတ်ခူးမှုကို မည်သို့သက်ရောက်မှုရှိသနည်း။ CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက် အနောက်ဘက်ကမ်းခြေ၊ ဟမ်ရာမြို့။ အမ်ရှူကရီ (Umm Shukry)
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း စစ်သုံ့ပန်းကို ပစ်သတ်မှုဖြင့် ရုရှားစစ်သားအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက် ယူကရိန်း တရားရုံးတစ်ခုက ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခု၌ ယူကရိန်း စစ်သုံ့ပန်းတစ်ဦးကို သတ်ဖြတ်မှုဖြင့် ရုရှားစစ်သားတစ်ဦးကို အပြစ်ရှိကြောင်း တွေ့ရှိရပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည် ဤကဲ့သို့သော
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာပစ်မှတ်များ ဟုဆိုကာ လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ စတင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 29 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၇) ရက် အစ္စရေးစစ်တပ်သည် ကြာသပတေးနေ့က လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ ယင်းသည် စစ်သွေးကြွအဖွဲ့က ဒေသတွင်း စစ်ဆင်ရေးများ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 30 Views
CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန် (Poseidon) ရေအောက် တော်ပီဒို တီထွင်သူများကို နိုင်ငံတော် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့သည်။ ၎င်းသည်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင် ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ပြီးခဲ့သည့်လက အလျင်အမြန် မြင့်တက်လာ၊ ၂၂ နှစ်အတွင်း အောက်တိုဘာလတွင် အဆိုးရွားဆုံးဖြစ်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 29 Views
CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် ဝါရှင်တန်။ ဉာဏ်ရည်တု (AI)အစားထိုးသုံးစွဲမှု က အလုပ်သမားဈေးကွက်ကို ဆက်လက် ထိခိုက်စေကြောင့် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် အလျင်အမြန် မြင့်တက် လာခဲ့သည်။ ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေဇုန် (Amazon) မှ ဝန်ထမ်း ၁၄,၀၀၀ ကို ထုတ်ပယ်ခြင်းသည် ငွေကြေးကြောင့် မဟုတ်ဘဲ ‘ယဉ်ကျေးမှု’ ကြောင့် ဖြစ်သည်ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 32 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် နယူးယောက် — အမေဇုန်၏ အမှုဆောင်အရာရှိချုပ် (CEO) အန်ဒီ ဂျက်ဆီ (Andy Jassy) ၏ ကုမ္ပဏီမှ ဝန်ထမ်း ၁၄,၀၀၀ ကို အဘယ်ကြောင့် လျှော့ချရသည်