နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်၊ နေပြည်တော်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တွင် တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

ယင်းတွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့် လေတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူး Group Captain Jumphol Chantakamma တို့ တက်ရောက်ခဲ့ကြသည်ဟု သိရှိရပါသည်။

ယင်းတွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ်မတော်ယဉ်ကျေးမှု အဖွဲ့များနှင့် ချစ်ကြည်ရေး အားကစား အဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့် အခြေအနေများ၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။

ဓာတ်ပုံ။ စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 0 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ
မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 17 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 17 Views
စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ ဇွန်လ (၆)ရက်။ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(133th ILC)မှာ ILO က စစ်အုပ်စုကို ILO Constitution, Article
မြန်မာသတင်း

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေဆုံးတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေထဲ (၆)နှစ်အရွယ် မိန်းကလေးငယ်တဦးပါဝင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 9 Views
ဇွန်လ (၆)ရက်။ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဆိုကာ (၁၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲ အသက် (၆)နှစ်အရွယ်
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ပေါ်တာဆွဲခံရတဲ့ လူငယ် (၈)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 27 Views
ဇွန်လ (၅)ရက်။ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာကို စစ်ကူအနေနဲ့ ရောက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့
မြန်မာသတင်း

ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တိုက်ဖျက်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 28 Views
ဇွန်လ (၅)ရက်။ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တတ်နိုင်တဲ့နည်းလမ်းနဲ့ တိုက်ဖျက်ဖို့ NUG က ဒီကနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဟာ အခုရင်ဆိုင်နေရတဲ့ ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုနဲ့ ရာသီဥတုပြောင်းလဲမှု
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 39 Views
ဇွန်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ ဒီကနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ အခုအချိန်အထိ တရုတ်ရဲ့ဖိအားကလဲ ပြင်းပြင်းထန်ထန်ရှိနေပါတယ်။ တရုတ်ဖိအားကို
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် (၄၆၆)ဦးအပါအဝင် (၃၁၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 22 Views
ဇွန်လ (၅)ရက်။ (၂)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် စုစုပေါင်း (၂၈၄၁)ခုအထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးသူဦးရေ (၃၁၅၂)ဦးရှိခဲ့ကာ အဲ့ဒီအထဲ အသက် (၁၈)နှစ်အောက်