၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။
NUG ရဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ Kachin Political Interim Coordination Team (KPICT) တို့ နိုဝင်ဘာလ (၃၀) ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြီးဂွမ်မော် အပါအဝင် KPICT ဥက္ကဌ ဆရာကြီး တူရှန် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ခဲ့ပြီး NUG မဟာမိတ်ဆက်ဆံရေးကော်မတီက အဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ အတွင်းရေးမှူးတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တွေ့ဆုံမှုအတွင်း တော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်း အရပ်ရပ်ကို ဆွေးနွေးသုံးသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။