နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

Non-CDM ၀န်ထမ်းတွေ အလင်း၀င်ကြဖို့ NUG အမိန့်ထုတ်ပြန်

ဒီဇင်ဘာလ (၂)ရက်။

မကွေးတိုင်းထဲက ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက Non-CDM ၀န်ထမ်းတွေ အလင်း၀င်ကြဖို့ NUG ပြည်ထဲ‌ရေး၀န်ကြီးဌာနရဲ့ မနေ့က အမိန့်ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုအချိန်ဟာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ရေးလှုပ်ရှားတာတွေကို အရှိန်အဟုန်မြင့်မားစွာနဲ့ “ လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီးတစ်လှိုင်း လှုပ်ရှားနေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ရေးလှုပ်ရှားမှုတွေထဲ သိမ်းယူစိုးမိုးရရှိထားတဲ့ မကွေးတိုင်းထဲက ရဲတပ်ဖွဲ့၊ ထွေ/အုပ်ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်နဲ့ လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့က Non-CDM ၀န်ထမ်းတွေ NUG လက်အောက် အလင်း၀င်ကြဖို့ ရေးသားထားပါတယ်။

ဌာနဆိုင်ရာ စာရွက်စာတမ်းတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ စနစ်တကျအပ်နှံဖို့ NUG က ပြောဆိုထားပါတယ်။

Non-CDM ၀န်ထမ်းတွေအနေနဲ့ NUG ကပေးအပ်တဲ့ နောက်ဆုံးအခွင့်အရေးအ‌ဖြစ် ပြည်သူဘက်က ရပ်တည်ကြဖို့နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေတွေအရ ပြင်းထန်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းကင်းနယ်မှာ ကျေးရွာပလဖတာဝန်ခံက ယောင်္ကျားဖြစ်သူကို ထိတ်တုံးခတ်ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 7 Views
စက်တင်ဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မြောက်ချွန်းကျေးရွာရဲ့ ပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)ဦးသိန်းတန်က ရွာခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “
မြန်မာသတင်း

မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာဦးရေ (၃)သန်းခွဲကျော်အထိရှိလာ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 18 Views
စက်တင်ဘာလ (၂၄)ရက်။ မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေထိုင်သူဦးရေ (၃ ဒသမ ၆)သန်းနီးပါးခန့်ရှိလာခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း (၅၀၀၀)နီးပါး စာရင်းသွင်းထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 19 Views
စက်တင်ဘာလ (၂၄)ရက်။ အခုနှစ်ကုန် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းတာမှာ ကိုယ်စားလှယ်လောင်း (၄၉၆၃)ဦးရှိတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမည်စာရင်းတွေကို ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက စက်တင်ဘာလ (၈)ရက်ကနေ (၂၂)ရက်အထိ တင်သွင်းခဲ့တာလို့
မြန်မာသတင်း

ကမ္ဘာ့အဏုမြူဖိုရမ်ကို တက်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ရုရှားကိုသွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 12 Views
စက်တင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့ကို သွားရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားတာကြောင့်ဆိုပြီး မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်-၂၀၂၅ကို
မြန်မာသတင်း

နတ်တလင်းမှာ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 47 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နတ်တလင်းမြို့မှာ စစ်မှုထမ်းတပ်သားအနေနဲ့ ပေါ်တာဆွဲခံရသူက ရဲကို ဓါးနဲ့ရှင်းပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၁)၊ (၃၈၀၁)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူဟာ နတ်တလင်းမြို့ ရွာသာယာရွာသား စိုင်းမြတ်ကိုဖြစ်ပြီး စက်တင်ဘာလ
မြန်မာသတင်း

ပဋိပက္ခဖြစ်ပွားတဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC က ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 60 Views
စက်တင်ဘာလ (၂၃)ရက်။ ပဋိပက္ခဖြစ်ပွားတဲ့ MSDF ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကို ကောင်စီဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ဒေါက်တာသီရိမွန်ချမ်းက နိုင်ကိုသူ သိမ်းဆည်းသွားတဲ့ လက်နက်တွေကို
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကို ဒီကနေ့ကစပြီး ပိတ်ပင်ထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 60 Views
စက်တင်ဘာလ (၂၃)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လကစပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ဒီမော့ဆိုကနေ ဖရူဆိုမြို့ကို လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာကာ စက်တင်ဘာလထဲအထိ တိုက်ပွဲတွေဟာ
မြန်မာသတင်း

ရခိုင်သတင်းထောက်အမျိုးသမီးတစ်ဦးကို AA က ဖမ်းဆီးစစ်ဆေးနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 52 Views
စက်တင်ဘာလ (၂၃)ရက်။ မောင်တောအခြေစိုက် Border News Agency(BNA)ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို AA က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်အမျိုးသမီးသတင်းထောက်တဦးဖြစ်တဲ့ မုဒြာကို စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီကျော်အချိန်