နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နမ့်ခမ်းမြိုအတွင်း စစ်ကောင်စီတပ်မှ Cluster Bomb ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။

တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြိုနယ်မှာ မနေ့က ဒီဇင်ဘာ ၁ ရက်နေ့ ည (၉) နာရီ မိနစ် (၃၀) အချိန်မှာ စစ်ကောင်စီဘက်ကဂျက်တိုက်လေယာဉ် အသုံးပြုပြီး နမ့်ခမ်းမြို့ နောင်စန့်ရပ်ကွက်အတွင်း Cluster Bomb နဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၂ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုန်းကုလားရပ်ကွက်တွင် နေထိုင်သူ အသက် (၃၀) အရွယ်ရှိ ဦးဘဦးဟာ နောင်စန့်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေစဥ် ဘုန်းကြီးကျောင်းအတွင်း ဗုံးကျပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံ (၅) ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး (၃) ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် တရုတ်နိုင်ငံ ရွှေလီမြို့ကို ပိုဆောင်ဆေးဝါးကုသမှု ခံယူနေရပြီး ကျန် (၂) ဦးမှာ နမ့်ခမ်းမြိုနဲ့ မူဆယ်မြိုတွေမှာ ဆေးဝါးကုသမှု ခံယူနေကြရတယ်လို့ ဖော်ပြထားပါတယ်။

ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၂ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး အလုံး (၃၀) ကျော် ဗုံးစထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် တအာင်းပြည်နယ်အတွင်းရှိ အရပ်သား သေဆုံးမှု (၆၀) ကျော်၊ ဒဏ်ရာရရှိမှု (၁၀၀) ကျော်နဲ့ နေအိမ်ထိခိုက်ပျက်စီးမှု (၃၀၀) လောက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် လှည်းကူးမြို့မှာ ညမထွက်ရအမိန့် စစ်ကောင်စီ အချိန်ထပ်တိုးထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 0 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့ကစပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
1027 Operations မြန်မာသတင်း

စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 0 Views
နိုဝင်ဘာလ (၂၅)ရက်။ နှစ်ဖက်စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်လို့ TNLA ရဲ့ ဒီ‌ကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းဒေသတိုက်ပွဲထဲ စစ်ကောင်စီရဲ့
မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာအားလုံးနီးပါး စစ်ဘေးရှောင်နေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 1 Views
နိုဝင်ဘာလ (၂၅)ရက်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မတ္တရာမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စကစက လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲဝင်ပြီး မီးရှို့နေတာဆိုတော့ မတ္တရာအနောက်ခြမ်းက ရွာတွေအကုန်လုံးနီးပါး စစ်ဘေးရှောင်နေရတာ။ အရပ်သား
မြန်မာသတင်း

ကရင်နီဒေသထဲ စစ်ကောင်စီကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်းသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 7 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သား (၂၅၃)ဦးထက်မနည်း သေဆုံးပြီး (၃၃၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုနှစ်ထဲမှာ စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး
မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 4 Views
နိုဝင်ဘာလ (၂၅)ရက်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်းတို့အပါအဝင် ထားဝယ်၊
မြန်မာသတင်း

ရုရှားကပေးပို့တဲ့ စာနာမှုအကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်လာပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 6 Views
နိုဝင်ဘာလ (၂၅)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ရုရှားနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေ နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် ရုရှားနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ်
မြန်မာသတင်း

လက်နက်ကိုင်ဖြေရှင်းနေရင် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 9 Views
နိုဝင်ဘာလ (၂၅)ရက်။ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း အပြန်အလှန် လေးစားတာ၊ နားလည်စာနာတာတို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား
မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်
  • 10 Views
နိုဝင်ဘာလ (၂၅)ရက်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်းမော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားချက်အရ သိရပါတယ်။ နိုင်ငံကို ချစ်မြတ်နိုးတဲ့ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်စွာနဲ့ လူထုကို