နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီ ခလရ ၁၀ အထိုင်စခန်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်တပ်ရဲ့ ခလရ ၁၀ အထိုင်စခန်းကို KIA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့လှ PDF က ရုပ်သံနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၆ နာရီ ၅၇ မိနစ်မှာ ရွှေကူမြို့နယ်၊ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ တပ်ရင်း ရွှေငြိမ်းချမ်းကျေးရွာနှင့် ၁ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ် အထိုင်နေရာချထားတဲ့ တပ်ကုန်းစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနက် ၇ နာရီ ၃၆ မိနစ်လောက်မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မနက် ၈ နာရီ ၅၀ မိနစ်ဝန်းကျင်မှာစစ်ကောင်စီဘက်က တိုက်လေယာဉ် ၄ စီးနဲ့ ပစ်ကူပေးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရ စစ်သားတွေကို လေကြောင်းပစ်ကူနဲ့ အလောင်းတွေကို ပြန်သယ်သွားကြပြီး ၄ ဦးထက်မနည်းသေဆုံးနိုင်ပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစခန်းကို ခလရ (၁၀) ဗိုလ်မှူးကိုကိုနိုင်က ဦးစီးပြီး အင်အား ၃၀ လောက်နဲ့ တပ်စွဲနေထိုင်နေတာ (၁) နှစ်ဝန်းကျင် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ KIA အမှတ် ၅ တပ်ရင်း ဂါခင်ဘွန့်ခရိုင်အတွက် အနှောက်အယှက်ဖြစ်နေတဲ့အတွက် စခန်းသိမ်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တော်လှန်ရေးအင်အားစုတွေက အဲ့ဒီစခန်းကို မီးရှို့ ဖျက်စီခဲ့ပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းများ ရိက္ခာအများအပြား သိမ်းဆီးရမိခဲ့တာကို ရုပ်သံမှာ တွေ့မြင်နိုင်ပါတယ်။

အဲ့ဒီ စခန်းသိမ်းတိုက်ခိုက်မှုကို KIA အမှတ် (၅) တပ်ရင်း ၊ မြို့လှ K-PDF ၊ ဟိုပင် K-PDF ဝေဟင် Drone အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပြီး မြို့လှ K-PDF တပ်ရင်းဘက်မှ ရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြို့လှ K-PDF ဟာ စခန်းသိမ်းတိုက်ပွဲ ၃ ကြိမ် ဆင်နွှဲခဲ့ပြီး ပထမ အကြိမ်တိုက်ပွဲသည် ပန်းခွန်ရံခမရ ၃၈၇ စစ်တပ်အခြေစိုက် စခန်းကို သိမ်းပိုက်ခဲ့ပြီး ရက်ပေါင်း ၃၂ ရက်ကြာအောင် တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်က ကျောက်ကြီးရွာမှာ တပ်စွဲထားတဲ့ ခလရ ၇၇၊ ၁၀ စခန်းကို စက်တင်ဘာလ ၁ ရက်နေ့ မနက် ၃ နာရီခန့်တွင် စတင် တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ပေမယ့် ရဲစခန်းကို မသိမ်းနိုင်ခဲ့ဘဲ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူရောက်လာခဲ့လို့ ပြန်ဆုတ်ပေးလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။

အခုအကြိမ် စခန်းသိမ်း တိုက်ပွဲသည် တတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်တာဖြစ်တယ်လို့ မြို့လှ PDF က အသိပေးထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 26 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 31 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 29 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့