နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

1027 Operations

1027 Operations

ကိုးကန့်နယ်မြေတွင်း စစ်ကောင်စီစခန်း (၅) ခု MNDAA ထပ်မံသိမ်းယူ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)၊ ခေတ်မျက်လုံး။

ကိုးကန့်နယ်မြေတွင်း စစ်ကောင်စီစခန်း (၅) ခုကို ထပ်မံသိမ်းယူခဲ့ပြီး မူပန် (သိန္နီ) ခရိုင်မှာလည်း စစ်ကောင်စီ စစ်သုံ့ပန်း (၆) ယောက်ကို ဖမ်းဆီးရရှိခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ကိုးကန့်တပ် (MNDAA) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်လာတာ (၃၈) ရက်မြောက်နေ့ဖြစ်ပြီး ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီတပ်ဖွဲ့ တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လက်ရှိ ကိုးကန့်မြောက်ဘက်ခြမ်း စစ်ကြောင်းတွေက ရှီးရှမ်းဒေသ အရှေ့ဘက်ခြမ်းအထိ ဝင်ရောက်လာနိုင်ခဲ့ပြီး တောင်ဘက်ခြမ်းစစ်ကြောင်းဟာလည်း တုန်ချိန်အပြင်ဘက်၊ နယ်စပ်မှတ်တိုင် (၁၂၆ ၊ ၁၂၇) အထိ ချီတက်လာခဲ့ရာ ဒီဇင်ဘာလ (၃) ရက်နေ့မှာ တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း (၅) ခုကို ကိုးကန့်တပ် (MNDAA) က ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ မနက် (၁၀) နာရီ (၂၀) မိနစ်မှာ MNDAA က တုန်ချိန်အပြင်ဘက် မာဟိုင်တောင်နေရာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ တိုက်ပွဲတစ်နာရီခွဲခန့်ဖြစ်ပွားပြီး နောက် (၁၁) နာရီ (၄၆) မိနစ်ခန့်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း မနက် (၁၀) နာရီ (၁၆) မိနစ်မှာ ကိုးကန့်တပ် (MNDAA) က အင်အားတစ်စုဟာ စန်းတာအိုင် တောင်အောက်ခြေတွင် တပ်စွဲထားတဲ့ စစ်ကောင်စီယာယီ တပ်စခန်း (၃) ခုကို ရှင်းလင်းခဲ့ပြီး မနက် (၁၁) နာရီ (၁၆) မိနစ်မှာ အဲ့ဒီစခန်း (၃) ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် မနက် (၁၀) နာရီလောက်ကစပြီး ကိုးကန့်တပ် (MNDAA) ဟာ တုန်ရှမ်းဒေသ လောက်ရှုကုတ်ရွာအနောက်ဘက်တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရင်း(၅၂၇) စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ (၅) နာရီကြာ ဖြစ်ပွားပြီး နေ့လည် (၂) နာရီ (၄၈) မိနစ်မှာ အဲ့ဒီစခန်းကိုလည်း အောင်မြင်စွာသိမ်းယူနိုင်ခဲ့တယ်လို့ ပြထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ယောက် သေဆုံးခဲ့ပြီး အချို့ဒဏ်ရာ ရရှိခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ မနက် (၉) နာရီမှာ မူပန်(သိန္နီ)ခရိုင် လုံခြုံ‌ရေးအဖွဲ့ဟာ မူပန်ဒေသကို ရှင်းလင်းရေး လုပ်ဆောင်ချိန် နန့်စလပ်ဗျူဟာကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီအဖွဲ့ဝင်(၆) ယောက်ကို ဖမ်းဆီးရရှိပြီး သူတို့ ဖုံးဝှက်ထားခဲ့တဲ့ စိန်ပြောင်း(၁) ခု၊ ရိုင်ဖယ်သေနတ် ၊ စက်သေနတ် ၊ ဂရန်ဒီယာ စတဲ့လက်နက်မျိုးစုံနဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ (MNDAA) ဟာ စစ်ကောင်စီရဲ့ တပ်စခန်းအကြီးအသေး စုစုပေါင်း (၂၀၂) ခု သိမ်းပိုက်ရရှိထားပြီး ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်းစတဲ့ မြို့ (၅) မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်းစံကျော်နယ်စပ်ဂိတ် (၄) ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့တွေက မြို့နယ် (၁၉) ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 26 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 33 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က
1027 Operations မြန်မာသတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးသွားတာတွေအတွက် MNDAA က ကျပ်သိန်း(၁၅၀၀၀)ကျော် ထောက်ပံ့

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 31 Views
ဧပြီလ (၁၀)ရက်။ လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ကိုးကန့်တပ်(MNDAA)က ငွေကျပ်သိန်းပေါင်း (၁၅၀၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ လားရှိုးမြို့မှာ တိုက်ပွဲကာလထဲ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားကို ဧပြီလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 34 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို
1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 30 Views
ဧပြီလ (၉) ရက်။ KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း ကြိုတင်ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ KIO ဘက်က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ပေါ်က နေရာအချို့ကို စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ ကိုးကန့်တပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်သွားဖို့ရှိနေတယ်ဆိုပြီး နီးစပ်ရာအသိုင်းအဝိုင်းတွေဆီကနေ သတင်းတွေထွက်ပေါ်နေပါတယ်။ “ အခု ရပ်ကွက်အလိုက်မှာ အစည်းအဝေးခေါ်ပြီး ပြောတာ။ မြို့ပေါ်က ရပ်ကွက်တွေမှာ စကစက ပြန်အုပ်ချုပ်မယ်ပေါ့၊ ဘယ်လိုပုံစံလာမလဲတော့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 41 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငလျင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်လာတဲ့