ဓာတ်ပုံ။
ချင်းကာကွယ်တပ်ဖွဲ့ (မင်းတပ်) ရဲဘော်များအား တွေ့ရစဉ်။
(Photo: CDF-Mindat)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ခေတ်မျက်လုံး။
ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ဆင်ရေးတို၊က်ပွဲတွေ ဖော်ဆောင်လျက်ရှိတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ဒီနေ့ ကြေညာပါတယ်။ စစ်ဆင်ရေးဖော်ဆောင်နေတယ်လို့သာ ထုတ်ပြန်ထားပြီး အသေးစိတ် ထုတ်ပြန်အသိပေးတာ မရှိသေးပါဘူး။
CDF-Mindat က “ မိဘပြည်သူများမြင်ချင်နေသည့် တိုက်ပွဲများဆင်နွှဲလျက်ရှိနေကြသည့် CDF-Mindat အတွက်အထူး ဆုတောင်းပေးကြပါအုံး” လို့ ပြောထားပါတယ်။
မင်းတပ်မြို့တွင်း နေထိုင်သူတွေကတော့ မြို့တွင်း ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာတယ်လို့ The Mindat Post မှာ ဖော်ပြထားပါတယ်။
မနေ့က ဒီဇင်ဘာလ (၄) ရက်နေ့ မနက်ပိုင်း ဘဝသစ်ရပ်ကွက်မှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့အကြား ထိပ်တိုက် ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆလိုင်းအန်ထော်နီက ပြည်တွင်းသတင်းဌာနတစ်ခုမှာ အတည်ပြု ပြောဆိုထားပါတယ်။
ဒီဇင်ဘာလ အစောပိုင်းကစလို့ မြို့တွင်းနေ အရပ်သားပြည်သူတွေကို စစ်ကောင်စီက အကာကွယ်ယူထားပြီး နေအိမ်အပြင်ထွက်သူတွေကို ပစ်မိန့်ပေးထားတယ်လို့ သိရှိရပြီး မင်းတပ်မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။