နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

The Elders အဖွဲ့၏ ဥက္ကဋ္ဌက အမေရိကန်သည် အစ္စရေးအား ၎င်း၏ စစ်ရေးအကူအညီကို ပြန်လည်စဉ်းစားရန် တိုက်တွန်း

The Elders အဖွဲ့၏ ဥက္ကဌဖြစ်သူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း မေရီရော်ဘင်ဆန် (Mary Robinson) က အစ္စရေးအားပေးနေသည့် အမေရိကန်၏ စစ်ရေးအကူအညီကို ပြန်လည်သုံးသပ်ရန်နှင့် “ အာဏာရှိသူများ” ကို ထိန်းချုပ်ရန် အမေရိကန်အား တိုက်တွန်း တောင်းဆိုခဲ့သည်။ ရော်ဘင်ဆင်သည် The Elders မှ ထုတ်ပြန်သော ကြေညာချက်တစ်ခုအပြီးတွင် အောက်တိုဘာလ (၇) ရက်နေ့က အစ္စရေးကို တိုက်ခိုက်မှုအတွက် ဂါဇာတွင် လုပ်ဆောင်နေသည့် အစ္စရေး၏ “အချိုးမညီသော” တုံ့ပြန်မှုနှင့် “လူသားချင်းစာနာထောက်ထားမှုအဆင့်” သည် သည်းမခံနိုင်လောက်သည့် အခြေအနေ ဖြစ်နေသည်ဟု ပြောဆိုခဲ့ကြောင်း CNN တတွင် ဖော်ပြထားသည်။

နယ်လ်ဆင်မင်ဒဲလား တည်ထောင်ခဲ့သော The Elders အဖွဲ့ သည် ယခင်ကမ္ဘာ့ခေါင်းဆောင်အများစု၏ “ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာမြေအတွက် လုပ်ဆောင်နေသည်” ဟု အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ “ကျမတို့ အကြီးအကဲတွေအနေနဲ့ အစ္စရေးကို စစ်ရေးအရ အကူအညီ ပံ့ပိုးမှုတွေ ပေးနေတဲ့နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို အခု စစ်ဘက်ဆိုင်ရာ အကူအညီတွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် အခြေအနေတွေ ချမှတ်ပေးဖို့ တောင်းဆိုနေပါတယ်” ဟု အိုင်ယာလန် သမ္မတဟောင်း ရော်ဘင်ဆန်က ပြောကြားခဲ့သည်။

“ဒါဟာ တကယ့်ကို လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြမယ် – ဒီလိုမဖြစ်လာရင် အမေရိကန်က ပြဿနာကို ဝယ်သလိုဖြစ်ပြီး ပိုင်ဆိုင်သွားပါလိမ့်မယ်။ ပြီးတော့ ဒါက အမေရိကန်အတွက် မကောင်းပါဘူး၊ ဒီလို အများအပြား အသတ်ခံရတာကို အမေရိကန်က ဖော်ထုတ်ရပါလိမ့်မယ်” ဟု ရော်ဘင်ဆန်က ဆိုသည်။ အမေရိကန်သည် ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်နိုင်ငံကြား ၁၀ နှစ်ကြာနားလည်မှု စာချွန်လွှာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးနိုင်ငံအား စစ်ရေးအကူအညီဒေါ်လာ ၃.၈ ဘီလီယံကို ထောက်ပံ့ပေးခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ပဋိပက္ခတွင် ပိတ်မိပြီး သတ်ဖြတ်ခံရသည့် သာမန်ပါလက်စတိုင်း အရပ်သားများသည် “ဟားမတ်စ် အကြမ်းဖက်သမားများ မဟုတ်ကြောင်း” ရော်ဘင်ဆန်က မီးမောင်းထိုးပြခဲ့သည်။

“ကုလက တိုက်တွန်းတယ်၊ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တိုက်တွန်းတယ်၊ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် စကားလုံးတွေက မလုံလောက်ဘူး။ ချုပ်နှောင်နိုင်တဲ့ စွမ်းအားရှိသူတွေဟာ အခု ချုပ်နှောင်ထားရမှာပဲ” ဟု ရော်ဘင်ဆန်က ပြောကြားခဲ့သည်။ အထူးသဖြင့် အမေရိကန်သည် အဓိက ဖြစ်သည်။ ဂါဇာတွင် အမေရိကန်၏ “ စစ်လက်နက်တိုက်အား ဤနည်းဖြင့် အသုံးပြုနေသည်” ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းဖြင့် ယင်းတားမြစ်ချက်ကို ကျင့်သုံးရန် ရော်ဘင်ဆန်က အမေရိကန်အား တိုက်တွန်းခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်လူထု အများစုက အီရန်စစ်ပွဲမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြဟု စစ်တမ်းအရ သိရ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၂)ရက် ယနေ့ ထုတ်ပြန်လိုက်သော Washington Post/ABC News/Ipsos တို့၏ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 132 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း အမိန့်ထုတ် ပြန်ပြီး စစ်သားတွေဆင့်ခေါ်တဲ့အတွက် လူငယ်အများအပြား စစ်မတိုက်ချင်လို့ ရုရှားကနေ ပြည်ပကိုထွက်ကြတဲ့အတွက် ဥဏှောက်ယိုစီးမှုဖြစ်ပြီး
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် နာဘက်တီးယမ်း
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 23 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 20 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်