နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“ယူကရိန်းစစ်ပွဲမှာ ပူတင် အနိုင်ရသွားလို့ မဖြစ်ဘူး”

++++++++++++++++

ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားသာ အနိုင်ရသွားခဲ့ရင် နေတိုးမဟာမိတ်နိုင်ငံတွေကို ဆက်လက်တိုက်ခိုက်လာနိုင်တာကြောင့် ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီတွေ ထပ်ပေးဖို့ လိုအပ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရီပက်ဘလီကန်အမတ်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယူကရိန်းအပေါ် ထောက်ပံ့မှုတွေ လျော့နည်းလာခဲ့တာကြောင့် အမေရိကန်က နောက်ထပ် ဒေါ်လာ 175 သန်း အကူအညီပေးဖို့ စီစဉ်နေချိန်မှာ ဂျိုးဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ “ ပူတင်သာ အနိုင်ရသွားရင် စစ်ပွဲက အဲဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး။ သူတို့က နေတိုးမဟာမိတ်နိုင်ငံတွေကိုပါ ဆက်တိုက်ခိုက်လာနိုင်ပါတယ်။ ကျတော်တို့မှာက ရုရှားတပ်တွေကို တိုက်မယ့် အမေရိကန်တပ်တွေရှိပြီးသားပါ။ ပူတင်ကို ကျတော်တို့ အနိုင်ပေးလိုက်လို့မရပါဘူး” လို့ ဂျိုးဘိုင်ဒန်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်မှာ ယူကရိန်းကို အစွမ်းကုန်အကူအညီအထောက်အပံ့တွေပေးခဲ့ပေမယ့် အခုတစ်ပတ်အတွင်းမှာပဲ ယူကရိန်းကို ဆက်ထောက်ပံ့ဖို့ အမေရိကန်မှာ ဘက်ဂျက်ကုန်ဆုံးနေပြီလို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်အတွင်း သူတို့ရရှိထားတဲ့ ရံပုံငွေ ဒေါ်လာ 62.3 ဘီလီယံထဲက 97 ရာခိုင်နှုန်းကို အသုံးပြုခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွဲဝေပေးခဲ့တဲ့ ရံပုံငွေ 4.7 ဘီလီယံကိုလည်း သုံးစွဲခဲ့ပြီဖြစ်တယ်လို့ ဘက်ဂျက်ဒါရိုက်တာ ရှာလန်ဒါယန်းက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ သူတို့ရရှိထားတဲ့ ဘက်ဂျက်တွေကို မက္ကဆီကိုနယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးနဲ့ ယူကရိန်း၊ အစ္စရေးတို့အတွက် အဓိက သုံးစွဲခဲ့ရတာဖြစ်ပါတယ်။ ရီပက်ဘလီကန်နဲ့ အောက်လွှတ်တော်အမတ်တွေကတော့ အရင်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ မက္ကဆီကိုနယ်စပ်က ခြံစည်းရိုးတည်ဆောက်မှုအပေါ် ဆက်လက်အားပေးထောက်ခံနေကြဆဲဖြစ်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကတော့ ရွှေပြောင်းနေထိုင်သူတွေရဲ့ ဝင်ပေါက်ဖြစ်နေတဲ့ မက္ကဆီကိုနယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးအတွက် သိသာထင်ရှားတဲ့အပေးအယူတွေလုပ်ဖို့ရှိတယ်လို့ ပြောဆိုခဲ့ပြီး ရီပက်ဘလီကန်အမတ်တွေအနေနဲ့ သူတို့လိုချင်တာအားလုံးတော့ မရနိုင်ဘူးလို့ ပြောထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။