နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“ယူကရိန်းစစ်ပွဲမှာ ပူတင် အနိုင်ရသွားလို့ မဖြစ်ဘူး”

++++++++++++++++

ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားသာ အနိုင်ရသွားခဲ့ရင် နေတိုးမဟာမိတ်နိုင်ငံတွေကို ဆက်လက်တိုက်ခိုက်လာနိုင်တာကြောင့် ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီတွေ ထပ်ပေးဖို့ လိုအပ်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရီပက်ဘလီကန်အမတ်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယူကရိန်းအပေါ် ထောက်ပံ့မှုတွေ လျော့နည်းလာခဲ့တာကြောင့် အမေရိကန်က နောက်ထပ် ဒေါ်လာ 175 သန်း အကူအညီပေးဖို့ စီစဉ်နေချိန်မှာ ဂျိုးဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ “ ပူတင်သာ အနိုင်ရသွားရင် စစ်ပွဲက အဲဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး။ သူတို့က နေတိုးမဟာမိတ်နိုင်ငံတွေကိုပါ ဆက်တိုက်ခိုက်လာနိုင်ပါတယ်။ ကျတော်တို့မှာက ရုရှားတပ်တွေကို တိုက်မယ့် အမေရိကန်တပ်တွေရှိပြီးသားပါ။ ပူတင်ကို ကျတော်တို့ အနိုင်ပေးလိုက်လို့မရပါဘူး” လို့ ဂျိုးဘိုင်ဒန်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်မှာ ယူကရိန်းကို အစွမ်းကုန်အကူအညီအထောက်အပံ့တွေပေးခဲ့ပေမယ့် အခုတစ်ပတ်အတွင်းမှာပဲ ယူကရိန်းကို ဆက်ထောက်ပံ့ဖို့ အမေရိကန်မှာ ဘက်ဂျက်ကုန်ဆုံးနေပြီလို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်အတွင်း သူတို့ရရှိထားတဲ့ ရံပုံငွေ ဒေါ်လာ 62.3 ဘီလီယံထဲက 97 ရာခိုင်နှုန်းကို အသုံးပြုခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာနက ခွဲဝေပေးခဲ့တဲ့ ရံပုံငွေ 4.7 ဘီလီယံကိုလည်း သုံးစွဲခဲ့ပြီဖြစ်တယ်လို့ ဘက်ဂျက်ဒါရိုက်တာ ရှာလန်ဒါယန်းက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဟာ သူတို့ရရှိထားတဲ့ ဘက်ဂျက်တွေကို မက္ကဆီကိုနယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးနဲ့ ယူကရိန်း၊ အစ္စရေးတို့အတွက် အဓိက သုံးစွဲခဲ့ရတာဖြစ်ပါတယ်။ ရီပက်ဘလီကန်နဲ့ အောက်လွှတ်တော်အမတ်တွေကတော့ အရင်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ မက္ကဆီကိုနယ်စပ်က ခြံစည်းရိုးတည်ဆောက်မှုအပေါ် ဆက်လက်အားပေးထောက်ခံနေကြဆဲဖြစ်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကတော့ ရွှေပြောင်းနေထိုင်သူတွေရဲ့ ဝင်ပေါက်ဖြစ်နေတဲ့ မက္ကဆီကိုနယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးအတွက် သိသာထင်ရှားတဲ့အပေးအယူတွေလုပ်ဖို့ရှိတယ်လို့ ပြောဆိုခဲ့ပြီး ရီပက်ဘလီကန်အမတ်တွေအနေနဲ့ သူတို့လိုချင်တာအားလုံးတော့ မရနိုင်ဘူးလို့ ပြောထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ရက်အတန်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် တပ်မတော်ခေါင်းဆောင်များ တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 14 Views
CNN-၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၉ရက် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု ထိုင်းစစ်တပ်က ညတွင်းချင်း စွပ်စွဲထားသော်လည်း အင်္ဂါနေ့တွင် နှစ်နိုင်ငံစစ်တပ်မှ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

အစ္စရေးလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးကသူမ၏အဖွဲ့အစည်းအပေါ် လူသားမျိုးနွယ်တို့၏ ကျေးဇူးတင်ရှိနေမှုကြောင့် ဂါဇာကမ်းမြောင် ဒေသစစ်ပွဲကို “လူမျိုးတုံးသတ်ဖြတ်မှု”ဟု ခေါ်ဆိုကြောင်းပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 17 Views
CNN- ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ရက် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ အစ္စရေးလူ့အခွင့်အရေးအဖွဲ့နှစ်ဖွဲ့က မနေ့က အစီရင်ခံစာနှစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် ပြန်သွားခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ အစ္စရေးသမားတော်များ အစ္စရေး (PHRI)၊ ပရိုဂရမ်၏ လက်ထောက်ညွှန်ကြားရေးမှူးနှင့်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်သည် အီးယူနှင့် ကုန်သွယ်မှု သဘောတူညီချက် ရရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 21 Views
အမေရိကန်နှင့် အီးယူတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုအတွက် မူဘောင်တစ်ခုသို့ ရောက်ရှိခဲ့ပြီး အမေရိကန်၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် လအတန်ကြာခဲ့သော အခြေတင်ဆွေးနွေးမှုကို အဆုံးသတ်ခဲ့သည်။ စကော့တလန်တွင် ဥရောပကော်မရှင်ဥက္ကဋ္ဌ အန်ဆူလာ ဗွန်ဒါလီယွန် (Ursula von der Leyen) နှင့် ယမန်နေ့က
နိုင်ငံတကာသတင်း ဗြိတိန် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှု မြင်ကွင်းများကြောင့် ဗြိတိန်လူမျိုးများက ထကြွ ဆူပူ ခဲ့ကြသည်ဟု စတာမာ (Starmer) က ထရန့် နှင့် အတူပြောခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 26 Views
CNN-၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ရက် ဗြိတိန်၀န်ကြီးချုပ်ကီရာစတာမာက ဂါဇာကမ်းမြောင်ဒေသတွင် ငတ်မွတ်ခေါင်းပါး နေသူများ၏ ရုပ်ပုံများကြောင့် ဗြိတိန်လူထုက ထကြွဆူပူနေကြကြောင်းနှင့် ကမ်းမြှောင် အတွင်းသို့ အကူအညီများ ပိုမိုပို့ပေးရန် တိုက်တွန်းထားသည်။ “ ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုပါ။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်သည်အပစ်အခတ်ရပ်စဲရေးလုပ်ရန်ရုရှားကိုပေးထားသည့်ရက်ကို တိုတောင်းပစ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 24 Views
ဇူလိုင်လ (၂၈) ရက်။ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်အဖြစ် ပူတင်ကို ၁၀ ရက်မှ ၁၂ ရက်အတွင်း လုပ်ရန်အချိန် ပေးထားကြောင်း ထရန့်က ပြောကြားခဲ့သည်။ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် သဘောတူရန် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် သတ်မှတ်ထားသည့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ခွဲခြမ်းစိတ်ဖြာခြင်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 24 Views
ပြင်သစ်၏ ပါလက်စတိုင်းအား တိုင်းပြည်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းသည် မက်ခရွန်၏ ရဲရင့်သောလှုပ်ရှားမှုအဖြစ် ထင်ရှားလာသည်။ (CNN)- ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ရက် ဆိုရှယ်မီဒီယာတွင် ပို့စ်တစ်ခုတင်ရုံနှင့် ပြင်သစ်သမ္မတ မက်ခရွန်က အရာအားလုံးကို ပြောင်းလဲစေခဲ့သယောင်ရှိသော်လည်း အမှန်တကယ်တော့ ဘာမှ မပြောင်းလဲခဲ့ပါ။
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတွင် ငတ်မွတ်မှုကြောင့် အာဟာရချို့တဲ့သည့် ၅ လသား ကလေးငယ်သည် မိခင်၏လက်ထဲတွင် သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 26 Views
ဇူလိုင်လ (၂၇) ရက်။ ပါလက်စတိုင်းထိန်းချုပ်ရာ ဂါဇာကမ်းမြောင်ဒေသတွင် အာဟာရချို့တဲ့မှုပြင်းထန်စွာခံစားရသည့် အသက် ၅ လအရွယ် ကလေးမလေးတစ်ဦးသည် ၂၅ ရက်မြောက်နေ့တွင် မိခင်၏လက်မောင်းထဲတွင် သေဆုံးသွားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို နိုင်ငံတကာမှ ရှုတ်ချမှုများ